part13🔞🔞🔞

3.4K 118 36
                                    

အဝတ်စုတ်လေးပမာလဲကျသွားတဲ့ နှင်းငယ်ကိုကမန်းကတန်းကောက်ပွေ့ပြီး အိမ်ထဲကိုပြေးဝင်လာ၏

"သား,.ဘယ်လိုဖစ်ကြတာလဲ ဘယ်လိုပြန်ရောက်လာတာလဲ..နှင်းငယ်ကရော ဘာဖြစ်တာလဲ

နှင်းငယ်ကိုပွေ့ချီလာတဲ့ သူ့သားကို ကြည့်ပြီး ဒေါ်ပုလဲ လန့်လဲလန့်နေ၏

"နောက်မှ ပြောပြမယ်အမေ, ဟျောင့် ငခွေး သံပုရာသီးယူလာခဲ့ ခပ်သုတ်သုတ်လေးလုပ် ရေပါဖလားနဲ့တစ်ဖလားခပ်လာ,

"ဟုတ်ကဲ့သခင်လေး

ငခွေး ကပြာကယာ နောက်ဖေးကိုပြေးပြီး စဥ့်အိုးထဲက ရေတစ်ဖလားနဲ့သံပုရာသီး တစ်လုံးကိုယူပြီး ဇေယျမင်းမောင်ရှိရာကိုယူလာပေးလိုက်သည် ဇေယျမင်းမောင် ထိုရေဇလားကိုအရင်ယူပြီး နှင်းငယ်မျက်နှာပေါ်ကို ရေလေးနဲ့တောက်ပြီး နိုးအောင်လုပ်နေ၏ မကြာပါဘူး သူမသတိပြန်လည်လာသည်

"သက်သာလား.. အရမ်းနာနေသေးလား.. အသက်ရူရတာအဆင်ပြေလား

သူမသတိပြန်ရရလာခြင်း စိုးရိမ်တစ်ကြီးနဲ့မေးနေတဲ့ ဇေယျမင်းမောင်မျက်နှာကို မြင်ရတာကြောင့် နှင်းငယ်အားကုန်သုံးပြီး တွန်းထုတ်ကာ ဇေယျမင်းမောင်ကိုယ်ပေါ်က ခွာလိုက်သည်

"ကျွန်မကိုမထိနဲ့ ရှင့်ကို ရွံတယ်,..

"နှင်းငယ်,.ကိုယ်ရှင်းပြမယ်

"ဘာလဲ ဘာရှင်းပြမှာလဲ, ကျေးဇူးပြုပြိး ကျွန်မကိုကွာရှင်းပေးပါ, ကျွန်မရှင်နဲ့ဆက်ပြီးမနေနိုင်တော့ဘူး, ဒီလောက်ပဲကြေအေးရအောင်, မမလဲ မသေဘူး..

"မကွာရှင်းပေးနိုင်ဘူး,

ဟုတ်တယ် ဇေယျမင်းမောင်ဘယ်လိုနည်းနဲ့မှ နှင်းငယ်ကိုကွာရှင်းပေးမှာမဟုတ်ပါ, အမုန်းကနေ စခဲ့တဲ့ အချစ်ပင်လေးက အခုဆိုရင် ဇေယျမင်းမောင်ရဲ့ ရင်ထဲမှာ အမြစ်ပေါင်းများစွာ တွယ်ငြိနေတဲ့ အပင်လေးတစ်ခုဖြစ်နေပြီးလေ

"သားတို့ဘာဖြစ်ကြတာလဲ အေးအေးဆေးဆေးပြောကြပါဥိး,..သမီးလေးစိတ်အေးအေးထားပါ, .

"ကျွန်တော်နောက်မှအမေ့ကို့ရှင်းပြမယ်, မင်းလာခဲ့စမ်း

ဒေါ်ပုလဲကတော့ ဘာမှနားမလည်တာကြောင့် ပွဲကြည့်ပရိတ်သတ်လိုပဲ...ဒါကြောင့် သူမလဲလုပ်စရာရှိတာဆက်လုပ်နေ၏

You've reached the end of published parts.

⏰ Last updated: Apr 23 ⏰

Add this story to your Library to get notified about new parts!

မြို့အုပ်မင်းရဲ့အမုန်းတော်ခံမိန်းမသား or အစေခံဇနီးWhere stories live. Discover now