Part-8

685 27 2
                                    

~~တီတီ~~

ကျူးလစ်ငယ်တစ်ယောက်ဖုန်းခေါ်လာသူကိုကြည့်လိုက်တော့သူ့သူငယ်ချင်းတော်ကြီး လွန်းစစ်ဖြစ်နေလေသည်။

"ကျူးလစ်ငယ်ရေ ငါပြောစရာရှိတယ်ဟ"

"ဖြေးဖြေးပြောပါ အဖေရ နားတွေအူသွားတာပဲ"

"ပြောချင်စော အားကြီးသွားလို့ပါဟ"

"ပြော ဘာကိစ္စ"

"ဟိုလေ.......ဟို"

"မြန်မြန်ပြော မသာရဲ့ ဆိုင်ဖွင့်ရအုန်းမာ"

"ငါလေ........"

"အေး ဘာဖြစ်လဲ ဆက်ပြော"

"ငါလူတစ်ယောက်ကို မြင်မြင်ချင်း ချစ်မိသွားပြီးလားမသိဘူးဟ"

"ဟမ် ဘယ်လိုလိုလွန်းစစ် ငါ့ကို နောက်တခေါက်ပြန်ပြောစမ်းပါ"

"ငါလူတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားတယ်လို့ "

"ဟုတ်လား ဘယ်မှာတွေ့ခဲ့တာလဲ"

"Mallတခုမှာ ငါ့စီးပွားရေးလုပ်ငန်းရှင်းတစ်ယောက်နဲ့စကားပြောနေတုန်း တွေ့လိုက်တာ"

"အယ်မလေး အက်တာနဲ့ ဘာဆက်ဖြစ်"

"မိုက်တယ်ကွာ Daddy typeကြီး ငါ့အကြိုက်"

"သေချင်းဆိုး ဒါကျ "

"မင်းကလဲငါအကောင်းပြောနေတာကိုးနော်"

ကျူးလစ်ငယ်သူ့သူငယ်ချင်းအကြောင်းမသိပဲနေမလား။ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းပဲကိုး။လွန်းစစ်တစ်ယောက်အခုထိသူ့ဘယ်သူ့ကိုရင်ခုန်တယ်သဘောကျတယ်ဆိုတာမရှိသေး။လာပြောလဲငြင်းပစ်သည်။သူ့ဘက်က စပီးသဘောကျခဲ့တဲ့သူဆိုတာမရှိခဲ့။တခြားတစုံတစ်ဦးကို သဘောကျတယ် လို့ ကျူးလစ်ငယ်ကိုယ် ပြောပြလာတာ ဒါ ပထမဆုံးပင် မလို့ကျူးလစ်ငယ်တစ်ယောက်အံ့သြေနေမိသည်။

"ဟုတ်ပါပြီးကွာ သဘောကျတယ်မလား ရအောင်လိုက်"

"စိတ်ချ အက်ဘဲကြီးက ငါDaddyဖြစ်လာစေရမယ်"

"အယ်မယ် 100%ကြီးလားဟ"

"ဒါပေါ့ကွာ"

"ချချ အားပေးတယ်ဟျောင့်"

"ငါ့ချည်း ပြောမနေနဲ့ မင်းကျ ဟိုနေ့က ပွဲမှာတွေ့ခဲ့တဲ့ဘဲကြီးနဲ့ဘယ်လိုလဲ"

Your My onlyWhere stories live. Discover now