Part-12

567 15 0
                                    

~~တီတီ~~

ဂုဏ်စစ်ရှိန်ဆီမှအရေးတကြီးဖုန်းတစ်ကောဝင်လာခဲ့သည်။ဖုန်းဝင်လာသောကြောင့်အာဏာဆက်အိပ်၍မရတော့ပေ။မနေ့ညကတည်းက ကလေးငယ်နဲ့အတူနေပေးရင်းသူပါအိပ်ပျော်သွားခဲ့၏အခုလဲဖုန်းဝင်လာတာကြောင့်သူ့ကလေး နိုးမာဆိုးသည်ဖြင့်အသာယာလေးဖုန်းယူပီးအခန်းပြင်ထွက်ပြောလိုက်၏

"အာဏာ

"ပြော"

"မင်းပြန်လာမှ ဖြစ်မယ်"

"ဘာဖြစ်နေလို့လဲ"

ဝီလျှံဆိုသူက ဂုဏ်စစ်ရှိန်အား မနေ့က ကားနှင့်မသေရုံတမယ်တမင်ဝင်တိုက်ခဲ့ခြင်းဖြစ်၏ယခုလဲဂုဏ်စစ်ဆေးရုံကနေ ဖုန်းခေါ်ရခြင်းဖြစ်သည်။သူတို့Canadaကိုယ်ရောက်နေမှန်းဝီလျှံသိ၏Canadaမှာက ဝီလျှံအသိ mafiaဂိုဏ်းများစွာရှိလို့နေသည်။ဝီလျှံသည် သူ့၏သားကောင်ကိုဘယ်သော်အခါမှ အလွတ်ပေးခဲ့သည် မရှိပေ။

"ငါဆေးရုံမှာ"

"ဘာဖြစ်တာလဲမင်း"

"လုပ်ကြံခံရတာ"

"ဘာ

"အေး ဝီလျှံ လုပ်တာ"

"ငါချက်ချင်းပြန်လာခဲ့မယ် စောင့်နေမင်း"

"ကောင်းပီး အာဏာ"

ဖုန်းပြောပီးသည်နှင့်black coatကိုယ်ဝတ်ဆင်လိုက်သည်။အနောက်တိုင်းဆန်ဆန် နက်တိုင်အမဲရောင်နှင့်တွဲဖက်ဝတ်ဆင်ထားသည်။နဂိုကတည်းကအရပ်ရှည်သည့်သူမို့ ဘောင်းဘီအမဲရောင်အရှည်ဖြင့်လဲ ထိုသူနှင့် လိုက်ဖက်လွန်းသည်။ကလေးငယ်၏ပါးနုနုလေးကို မသိအောင်ခိုးနမ်းကာ အခန်းထဲကအလောတကြီးထွက်သွားရသည်။နူတ်မဆက်ပဲပြန်သွားလို့ ကလေးငယ် စိတ်ကောက်မည်ဆိုတာလဲသိသည်။ပြောပီးသွားရင်လဲ တားမည်ဆိုတာလဲသိ၏ပြန်လာမှ စိတ်ကောက်ပြေအောင်ချော့ရမည်

ကိုယ်ပိုင်လေယာဥ်ဖြင့် နေချင်းပြန်Canadaကိုပြန်လာခဲ့သည်။Canadaကိုယ်ရောက်သည့်နှင့် သူငယ်ချင်း၏ဆေးရုံကိုယ်လိုက်သွားလိုက်သည်။
ဆေးရုံသို့ရောက်သည်နှင့် ဆေးရုံကောင်တာက ကောင်မလေးတစ်ယောက်ကိုယ် အာဏာမေးလိုက်သည်။

"ဂုဏ်စစ်ရှိန် ဆိုတဲ့အမည်နဲ့ လူနာ အခန်းက ဘယ်လောက်လဲ"

"အခန်း209ပါရှင့်"

Your My onlyWhere stories live. Discover now