Part-17

352 10 0
                                    

ဦးနိူင်းသာထက်ဆိုသူလူကညာဏ်နီညာဏ်များသူတစ်ယောက်ဆိုတာ အာဏာကောင်းကောင်းသိသည်။ဟိုတလောကမှအာဏာတို့ကုမ္ပဏီရဲ့အရေးကြီးသောစာရွက်စာတမ်းတွေကိုတခြား ကုမ္ပဏီ ကိုယ်ရောင်းစားခဲ့သူဖြစ်တာကြောင့်အာဏာထိုသူကိုသိပ်ယုံကြည်မူမရှိတော့ပါ။မဟုတ်ဘူးယုံကြည်ကိုးမရှိတော့တာဖြစ်သည်။အခုလဲသူ့ကိုမျက်နှာပြောင်တိုက်ပီး လုပ်ငန်းကိစ္စဆွေနွေးချင်လို့တဲ့လေ။ဘယ်လောက်တောင်ဖြတ်ရိုက်ချင်စရာကောင်းသလဲ။

"အခုလို လာတွေ့ပေးတဲ့အတွက် အာဏာကို ကျေးဇူးတင်ပါတယ်"

"အရစ်မရှည်နဲ့ ပြောစရာရှိတာပြော"

အာဏာလေသံမာ ြသဇာအာဏာအပြည့်ဖြစ်ကာ အသံမာ ြသရှရှအသံဖြစ်သည်မို့ ဦးနိူင်းသာထက် မှာအနည်းငယ် မျက်ခုံးတန်းမျာအနည်းငယ်ကြုံမိသွားသည်။

"ဒါဆိုလိုရင်းပေါ့ အခုကယားပြည်နယ်ဘက်က မြေကွက်တွေ စျေးကောင်းနေတယ် ပီးတော့အက်မြေကွက်တွေမာ စက်ရုံတွေ ကုမ္ပဏီ တွေထောင်ဖို့ အတွက် အာဏာရှယ်ယာပါပီးရင်းနှီးမြှုပ်နှံချင်တယ်ဆို အရူံးှမရှိပါဘူး သိန်းချီရမဲ့ကိန်းပါပဲ"

အာဏာမျက်ခုံးတချက်ပင့်လိုက် မိသည်။သူ့လို့ billionarတစ်ယောက်ကို အက်လောက်သိန်းချီလေးနဲ့ ဘာသွားလုပ်ရမလဲ။အဓိပ္ပာယ်မရှိလိုက်တာ။ဆိုလိုတာက အာဏာ၏ရှယ်ယာပါပီးရင်းနှီးမြှုပ်နှံမယ်ဆို သူတို့ရဲ့လုပ်ငန်းပိုမိုအောင်မြင်မူ ပိုရှိပီး သန်းချီရနိုင်လိမ့်မယ်ဟု တွက်ထားတာကိုအာဏာသိ၏

"အချိန်ကုန်တယ် မပါတော့ဘူး"

"အာဏာ ကုိိသေချာပြန်စဥ်းစားစေဖို့အကြံပေးချင်ပါတယ်"

"စိတ်မပါတာမို့ sorry"

"သေချာလေး......."

"ကျစ်! နားကန်းနေလား စိတ်ပျက်တယ်"

အာဏာပြောပီသည်နှင့်ထိုနေရာမှ ခြေလှမ်းကျဲကြီးတွေဖြင့် ထထွက်သွားသည်။ကျန်ခဲ့သူဦးနိူင်းသာထက် တစ်ယောက် ကြောင်အမ်အမ်ဖြစ်ကျန်နေခဲ့သည်။
အာဏာကိုထိုပရောဂျက်မာ ပါဝင်နိုင်အောင်လုပ်မှရမည်ဖြစ်သည်ထိုမှသာ သူတို့ပရောဂျက်က အောင်မြင်မူ ရာခိုင်နူန်း ပိုများမည်ဖြစ်သည်ကိုဦးနိူင်းသာထက် သိနေ၏

Your My onlyWhere stories live. Discover now