Part-10

733 21 0
                                    

"ထပ်နမ်းရမလား အဖြေပေးမလား နှစ်ခုထဲက တစ်ခုရွေး ချာတိတ်"

"မ..သာ..ကြီး လူကို ပိုင်စိုးပိုင်နင်း နဲ့ဘာလို့လာနမ်းတာလဲ"

ကျူးလစ်ငယ်ပြောပီးသည်နှင့်အသဲပြဲကြီးဖြင့် ငိုပီးအာဏာရင်ဘတ်ကို သူ့လက်သေးသေးသွယ်သွယ်လေးများဖြင့်ရိုက်ပုတ်သည်။
အက်သည့်အမူအရာလေးများကို အာဏာတစ်ယောက် အသဲတွေယားလာပြန်၏အက်အော်ငိုနေတဲ့ပါးစပ်လေးကိုထပ်နမ်းရင်လဲ ထပ်ငိုအုန်းမည်။

"ဟိတ် ဘာလို့ အက်လောက်ငိုနေတာလဲ"

"ငိုမာပဲ သူများရဲ့first kissကြီးလေ"

"First kissကိုယ် အလကားမဖြစ်စေချင် အဖြေပေးလိုက်လေ ရှင်းနေတာကိုး"

"လာမခေါ်နဲ့ ခဗျားကြီး ဖုန်းထဲBlပစ်မှာ"

"ဘာ ဘာပြောတယ် ကျူးလစ်ငယ် မင်းလုပ်ရဲလား "

"သူများကို အော်တယ်"

ကျူးလစ်ငယ် အသံပြဲကြီးဖြင့်ထပ်ငိုလေသည်။

"ဟာကွာ မအော်ပါဘူးကွာ"

"အော်တယ်"

"မငိုနဲ့တော့ စဥ်းစားချိန် ဒီည8:00ထိ ပေးမယ်"

"8:00ကျ ပေး အဖြေ"

"တိဝူး ဟွန်း"

"အဖြေကို စောင့်နေမယ် ကလေး"

အာဏာပြောပီးသည်နှင့် ကျူးလစ်ငယ်ကိုလက်ရမ်းပြကာ ဆိုင်ထဲမှ ထွက်သွားလေ၏ကျူးလစ်ငယ်ကတော့ တုန်ယင်နေဆဲဖြစ်သည်။ဘာလို့ဆိုလူတစ်ယောက်နှင့်kissပေးဖူးတာဒါသူ့အတွက်firstပင်။တုန်တုန်ယင်ယင် နှင့် လွန်းစစ်ကို ဖုန်းလှမ်းဆက်ပြီး သူ့အိမ်ကိုခေါ်လိုက်သည်။ဆိုင်လဲဖွင့်ချင်စိတ် မရှိတော့ပေ။
ဆိုင်ပိတ်ပြီး ကြောင်လေးနှင့်အတူ အိမ်စောစောပြန်လာလိုက်သည်။

"Hi ကျူးလစ်ငယ်"

လွန်းစစ်ကတော့ တက်တက်ကြွကြွနှင့်နူတ်ဆက်လိုက်သော်လဲ ကျူးလစ်ငယ်မှာတော့ ကျောက်ရုပ်ဖြစ်နေလေသည်။လွန်းစစ်တစ်ယောက် ကျောက်ရုပ်သဖွယ် ဖြစ်နေသော မိမိသူငယ်ချင်းကိုယ်နှရင်းသာပိတ်အုပ်လိုက်ချင်သည်။

"ဟျောင့် သူတောင်းစား ရေ"

လွန်းစစ် အသံပြဲကြီးဖြင့် အော်ခေါ်မှ ကျောက်ရုပ်ဖြစ်နေတာကနေ လန့်သွားသည်။

Your My onlyWhere stories live. Discover now