ONE

339 39 4
                                    

UNI ..

အခု အဆင်ပြေပြီမို့ ရေးပေးလိုက်ပါပြီနော်။ကြားထဲ မေပယ်လ်ရေးဖို့ Plot တွေအများကြီးစဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ ABO ဇာတ်လမ်းမျိုး ရေးဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။တစ်ခါမှ မရေးဖူးတဲ့ဇာတ်လမ်းလေးဆိုပေမယ့် ကြိုးစားပြီးရေးပေးပါမယ်။ Side Couple ကတော့ မေပယ်လ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခု အဆင်ပြေပြီမို့ ရေးပေးလိုက်ပါပြီနော်။ကြားထဲ မေပယ်လ်ရေးဖို့ Plot တွေအများကြီးစဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ ABO
ဇာတ်လမ်းမျိုး ရေးဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။တစ်ခါမှ မရေးဖူးတဲ့ဇာတ်လမ်းလေးဆိုပေမယ့် ကြိုးစားပြီးရေးပေးပါမယ်။ Side Couple ကတော့ မေယ်လ်ရဲ့ Markhyuck ပါနော်ချစ်ပေးကြပါဦးဟီး Update ကတော့ စာဖတ်သူတွေအပေါ်မှာ မူတည်ပါတယ်နော်

🍎

« Jisungie »

« Jisungie »

တံခါးဖွင့်ပြီး ဝင်လာခဲ့သည့်တိုင်အောင် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးနေသောကောင်ငယ်လေးက ခေါ်သံကိုသတိမပြုမိ။အနားသို့တိုးကပ်သွားမှ ထိုကောင်ငယ်လေး စူးစိုက်ကြည့်နေသောတစ်စုံတစ်ရာကို မြင်ပြီး မိခင်မှာ စိတ်မကောင်းဖြစ်ရလေသည်။ငယ်ငယ်ကတည်းက တစ်ယောက်တည်းနေခဲ့ရသူမို့ အရွယ်နှင့်မလိုက်အောင် ရင်ကျက်တည်ငြိမ်သည်။သို့သော် အဖော်လိုချင်သောသားငယ်လေးဟာ တစ်ဖက်အိမ်မှာ ခွေးပေါက်စလေးနှင့်ဆော့ကစားနေသောကောင်လေးတစ်ယောက်ကိုငေးကြည့်နေသည့်မြင်ကွင်းက ရင်နင့်ဖွယ်ကောင်းသည်။မနေ့အထိလွတ်နေသောအိမ်လေးဟာ ဒီနေ့မှာ လှပစွာ အသက်ဝင်လျက် သားငယ်လေးရဲ့စိတ်အာရုံကိုဖမ်းစားသွားထင်သည်။မျက်တောက်တစ်ချက်မခတ်ငေးကြည့်နေလေသည်။

ဘယ်လိုပဲ Dominant Alpha ဖြစ်ပါစေ။
၁၆နှစ်သားလေးက အဖော်မရှိဘဲ  ဖြတ်သန်းရသည့်ဘဝကို ငြီးငွေ့နေပြီထင်ပါသည်။သို့သော် မတတ်နိုင်။သားငယ်လေး စိတ်ကျေနပ်အောင် နောက်ထပ်ကလေးတစ်ယောက် မွေးပေးချင်ပေမယ့် ဘယ်လိုမှမဖြစ်နိုင်၍ သက်ပြင်းငွေ့ငွေ့သာချလိုက်ရတော့သည်။

THE PERSON WHO I LOVE Where stories live. Discover now