FOUR

147 20 3
                                    

UNI...

HaeChannie ကျောင်းပြေးသွားသည်ကို အလိုမကျစွာ ဆူပုတ်နေရင်းမှ Jisung ကို လှမ်းကြည့်လိုက်တော့ မချိုမချဉ်ရုပ်နှင့်။ကြည့်ရတာ ကိုယ်တစ်ယောက်တည်းဖြစ်နေသည်ကို သဘောကျနေပုံရသည်။ HaeChannie အနားမှာရှိလျှင် အလိုလိုပျော်မြူးတတ်သူမို့ အသံကျယ်ကျယ်နှင့် စကားပြောတတ်သည်။အော်ရယ်တတ်သည်။ချွဲနွဲ့တတ်သည်။ထို့အပြုအမှုတွေကြောင့် ထင်သည်။ခပ်စူးစူးအကြည့်တွေနှင့် အမြဲခြိမ်းခြောက်ခံရသည်။မကြောက်သည့်အပြင် ပိုကာ HaeChanine အနားကပ်နေသူမို့ အမြင်မကြည်ဖြစ်နေပုံရသည်။ရေခဲရိုက်ထားသည့် မျက်နှာသေနှင့် အမြဲစူးစိုက်ကြည့်နေတော့သည်။

Alpha မို့ Omega လှလှလေးကို သဘောကျနေသည်ကို ရိပ်မိပေမယ့် ကိုယ်လည်း HaeChannie ကို သဘောကျသည်။ဘယ်လိုမှ လက်မလျော့ပေးနိုင်။

မျက်လုံးချင်းစိုက်ပြီး စစ်ဖြစ်နေသည့်မှာ ဘယ်လောက်ကြာသွားမှန်းမသိ။ ကျောင်းခေါင်းလောင်းထိုးသံကြားမှ သတိပြန်ကပ်တော့သည်။

မျက်တောင်လေးတွေခတ်ပြီး အကြည့်ရှောင်လိုက်ပေမယ့် ဘာကြောင့်မှန်းမသိ။အဲ့ဒီမပြူးမကျယ်မျက်လုံးတွေထဲ နစ်ဝင်သွားသလိုခံစားရသည်။ထပ်ကြည့်ပြီးရင်း ကြည့်ချင်လာသည်။ထိုခံစားချက်ကြောင့် ထင်ပါသည်။ထမင်းစားချိန်မှာတောင် တက်ကြွမှုမရှိ ထိုင်းမှိုင်းနေတော့သည်။

✨🌻

HaeChan အနားမှာမရှိလျှင် Jisung ထက် အခြေအနေပိုဆိုးသောလူကို ရှာတွေ့တော့ သက်ပြင်းငွေ့‌ငွေ့လေးချလိုက်သည်။ဘယ်လိုလုပ်ပြီး သူ့ပြိုင်ဘက်က သူထက်ပိုပြီး အခြေအနေဆိုးနေရတာလဲ။အ‌တွေးတစ်ခုနှင့်တင် ရင်မောသွားသည်။HaeChan အကြောင်း ဘာမှမသိဘဲ ဒီလိုတွယ်ကပ်နေသည်က သိပ်သနားဖို့ကောင်းသည်။

ဘယ်လိုလုပ်မလဲ Na Jaemin။ HaeChan နှလုံးသားကို အပိုင်ရထားသူက ခင်ဗျားထက် ပိုအာဏာကြီးတဲ့ Enigma တစ်ယောက်။ကျွန်တော်တောင် လက်လျော့ထားတဲ့အခြေအနေမှာ ခင်ဗျားလို ပင်ကိုယ်ဗီဇမသိသေးတဲ့သူက ယှဉ်နိုင်မယ်တဲ့လား။

အတွေးတွေက ရက်ရက်စက်စက်ဆိုပေမယ့်
သနားစိတ်လေးနှင့် ထိုင်နေရာမှ ထပြီး
ထိုလူအနား သွားလိုက်သည်။

THE PERSON WHO I LOVE Where stories live. Discover now