UNI......
ကျောင်းရောက်ကတည်းက အားမရှိသည့်ပုံနှင့် နွမ်းလျနေသော HaeChannie ကို မကြည့်ရက်တော့။ ထမင်းစားချိန်မှာလည်း ခေါင်းမှောက်လျက် အိပ်နေတာကြောင့် ပခုံးမှပုတ်ကာ နိုးလိုက်ရသည်။
« HaeChannie ထ ။ ထမင်းသွားစားကြမယ် »
« ဟင့်အင်း ။ ငါ ဗိုက်မဆာဘူး »
« ဘာလဲ။နေမကောင်းဖြစ်နေတာလား »
« ဟင့်အင်း ။ ဖယ် !! »
နဖူးပေါ်မှာ ကိုယ့်လက်ကို ဖြတ်ရိုက်လိုက်သည့် ခပ်ပြင်းပြင်းရိုက်ချက်နှင့် အသံမာမာကြောင့် ကြောင်အ,သွားသည်။ ဘာလို့ ကိုယ့်စေတနာတွေကို အမြဲငြင်းနေရတာလဲ။
« Jaemin ya~ ငါ တောင်းပန်ပါတယ် »
အနောက်ဆုတ်သွားသည့်ကိုယ့်ခြေလှမ်းတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်သွားသည့်ဟန်နှင့်အသံတိုးတိုးလေးနှင့် တောင်းပန်လာသည်။ ဒီ Omega လှလှလေးရဲ့မျက်ဝန်းတွေကို ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ။သက်ပြင်းငွေ့ငွေ့လေးချလိုက်သည်။သူမှာလည်း သူ့အကြောင်းပြချက်နဲ့ သူရှိမှာပါ။
« ရတယ်။ ထမင်းစားပြီးရင် မင်းအတွက် ဆေးယူခဲ့ပေးမယ် »
«မယူလာခဲ့နဲ့ !!... ကျေးဇူးပြုပြီး ~ မယူခဲ့ပါနဲ့ »
အသံကျယ်ကျယ်နှင့် အော်ပြီးမှ မျက်ဝန်းတွေနှင့် တောင်းပန်လာသည့်သူကို ဆက်မကြည့်တော့ဘဲ ထွက်လာခဲ့သည်။လူတစ်ယောက်ဆီက ဂရုစိုက်ခံရမှာကို ဘာလို့ အဲ့လောက်တောင် ကြောက်နေရတာလဲ။
ခြေလှမ်းတွေကို ခပ်သွယ်သွယ်လျှောက်ပြီး ကန်တင်းဘက် ထွက်လာခဲ့သည်။တစ်ယောက်တည်း ထမင်းစားနေသည့် Jisung ကို မြင်တော့ ထမင်းဗန်းကို ယူပြီး လျှောက်သွားလိုက်သည်။တစ်ယောက်တည်း စားရမှာထက် စာလျှင် အဲ့ဒီကောင်လေးအနား သွားသည့်က ပိုကောင်းလိမ့်မည်။ဒါမှ HaeChannie ဆီက ရလာခဲ့သည့်ဝမ်းနည်းမှုတွေကို အဲ့ဒီကောင်လေးနှင့် စကားများ၊ရန်ဖြစ်ရင်း ဖျောက်ပစ်လို့ရမှာ။မဟုတ်လျှင် HaeChannie ကို အချိန်အကြာကြီး စိတ်ဆိုးနေမိလိမ့်မည်။
« ငါ ဒီမှာ ထိုင်လို့ရတယ် မဟုတ်လား »
« ကျွန်တော့်အပိုင်မှာ မဟုတ်တာ »