THREE

136 26 7
                                    

UNI .....

ပြောခဲ့သည့်စကားအတိုင်း မစောင့်ဘဲထွက်သွားသည့်စက်ဘီးပိုင်ရှင်ကို စိတ်မဆိုးအား။ကျောင်းရှေ့မှာ ရပ်ကျန်ခဲ့သည့် HaeChannie ကို လှည့်ကြည့်၊လှည့်ကြည့်နှင့် စိတ်မချဖြစ်ရသည်။ Omega လှလှလေးမို့ ကာကွယ်ပေးချင်သည့်စိတ်ကအပြည့်။သို့သော် ကိုယ့်ဂရုစိုက်မှုတွေကို
မလိုလားသူက ထုံးစံအတိုင်း ငြင်းဆန်၏။
စောင့်ပေးစရာမလိုဘူးတဲ့လေ။

ဘာကြောင့်မှန်းမသိ အဲ့ဒီ Omega လှလှလေးက ငြင်းဆန်လိုက်တိုင်း ကိုယ့်မျက်လုံးတွေကို တည့်တည့်မကြည့်။အမြဲချစ်စရာအပြုမှုလေးနှင့်ခေါင်းလေးငုံလျက် ငြင်းဆန်တတ်သည်။ထိုအပြုအမှုကြောင့်ထင်ပါသည်။စိတ်ဆိုးရမှန်းမသိသည့်အထိ အသည်းယားနေမိတော့သည်။

ပိုဆိုးသည်က အဲ့ဒီ Omega လှလှလေးက ကျောင်းမှာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်။ ကိုယ်တစ်ယောက်တည်းနှင့်သာ ခေါ်ပြောသူဖြစ်လေသည်။ထိုအချက်က Jaemin အတွက် ဂုဏ်ယူစရာပင်။တွေးကြည့်ရုံနှင့်ပျော်မြူးရသည်။ကိုယ်ဟာ ပန်းလှလှလေးအနားမှာ ခိုနားခွင့်ရသောပျားကောင်လေးဖြစ်ပြီး အဲ့ဒီပန်းလှလှလေးကို ဖျတ်စီးလာမည့်ပိုးမွှားမှန်သမျှကိုလည်း သုတ်သင်ရှင်းလင်းပေးရမည့်တာဝန်လည်း ယူချင်သေးသည်။ခက်ခဲလှသည်။ပန်းလေးက အလှကြည့်သာခွင့်ပြုပြီး ထိတွေ့ခွင့်ရော၊နမ်းရှိုက်ခွင့်ရော ပိတ်ပင်တားဆီးထားသည်။

🌻✨

Jisung လမ်းလျှောက်ရင်းပြုံးနေသောတစ်ဖက်လူကို ကြည့်ပြီး မျက်မှောက်ကြုတ်သွားသည်။ဘာတွေတွေးနေလို့ ဒီလောက်သဘောတကျပြုံးရယ်နေရတာလဲ။အစောနကပဲ စက်ဘီးအနောက်က လိုက်မစီးရလို့ ငိုတော့မည့်ရုပ်နှင့် ကျန်ခဲ့သူ မဟုတ်လေလား။

« Jaemin!! »

ခေါ်သံကြားတော့ လန့်သွားသည်ထင်။ ရင်ဘတ်ပေါ် လက်ကလေးတင်ပြီး ကြည့်လာသည်။လွယ်လွယ်လန့်တတ်တဲ့ယုန်ပေါက်လေးပဲ။စိတ်ထဲ မှတ်ချချက်ပေးပြီး လှည့်ကြည့်လာသူကို မေ့ဆတ်ပြလိုက်သည်။

« လိုက်ခဲ့မလား »

«ဟမ် »

ကြောင်တောင်တောင်လေးနှင့် ကြည့်လာသည်။ရှေ့တစ်လမ်းကျော်လျှင် သူ့အိမ်ရောက်တော့‌မို့ထင်ပါသည်။

THE PERSON WHO I LOVE Where stories live. Discover now