TWO

132 23 0
                                    

UNI....

« Jisung က Dominant Alpha ဒါပေမယ့်
အနေအေးတယ်။ ဘယ်သူနဲ့မှ စကားမပြောဘူး »

« အင်း »

«ပြီးတော့ စာတော်တယ် ။ ဉာဏ်ကောင်းတယ်။အဲ့ဒါကြောင့် အတန်းကျော်တတ်ခွင့်ရခဲ့တယ်။အမှန်တော့ သူက ငါတို့ထက် (၂) နှစ်ငယ်တယ်။ဒီတစ်ခန်းလုံးမှာ သူ အငယ်ဆုံး။ပြီးတော့ အရပ်အရှည်ဆုံး »

«အင်း။ပြီးတော့ရော »

« မရှိတော့ဘူး »

«ဒါ အကုန်ပဲလား »

« အင်း »

စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ဒီလောက်လေး သိရုံနှင့် အလုပ်ဖြစ်မည်တဲ့လား။

« ထပ်ပြီး စဉ်းစားပါဦး ။ ဘာရှိသေးလဲ »

HaeChan က မျက်လုံးလေးတွေ တောင်ရွေ့၊မြောက်ရွေ့နှင့် စဉ်းစားနေသည်။ပြီးမှ ခေါင်းလေးခါပြသည်။သိပ်လှပြီး ချစ်ဖို့ကောင်းတဲ့ HaeChanက Omega ဆိုတာ ထုတ်မေးစရာမလို။အပြုအမှုတစ်ခုချင်းစီကအစ ချစ်ဖို့ကောင်းပြီး တစ်ဖက်လူကို အသည်းယားသွားစေသည်။

« မရှိတော့ဘူး ။ ငါ သိတာ ဒါအကုန်ပဲ »

ကိုယ့်မျက်လုံးကိုတည့်တည့် မကြည့်ဘဲ ပြောလာသည့်စကားမို့ သိပ်တော့မယုံချင်။ဒါပေမယ့်လည်း လှပတဲ့ Omega တစ်ယောက်စကားမို့ အကြွင်းမဲ့ယုံကြည်ပေးလိုက်သည်။

အသည်းယားစရာကောင်းသည့်အပြုအမှုကြောင့်လား။ချစ်စရာမျက်နှာလေးလား မသိ။ ပြုံးလိုက်မိသည်။ HaeChanသာ လိမ်ညာမယ်ဆိုလျှင် လှလှပပလေး လိမ်ညာလှည့်စားခံလိုက်ချင်တော့သည်။

« ရော့ အသားစား »

«ဟင့်အင်း။ကိုကိုက သူများ ကျွေးရင် မစားရဘူး ပြောထားတယ် »

‌ချက်ချင်းဆိုသလို ကိုယ့်ပန်းကန်ပြန်ရောက်လာသည့်အသားတုံးကို ကြည့်ပြီး အလိုမကျဖြစ်ရသည်။

« ငါက စေတနာနဲ့ ကျွေးတာကို »

« တောင်းပန်ပါတယ်။ကိုကို မကြိုက်တာတွေ
မလုပ်ချင်ဘူး »

မျက်လုံးလေးတွေနှင့် တောင်းပန်လာသည့်မို့ စိတ်လျော့လိုက်ရသည်။တော်သေးသည်။ကိုယ်မှာ အနိုင်ကျင့်ပြီး ချုပ်ချယ်မည့်အစ်ကိုမရှိလို့။

THE PERSON WHO I LOVE Where stories live. Discover now