🍃11🍃

1.4K 263 47
                                    

(Unicode)

ည ၁၀ နာရီ။
ထုံးစံအတိုင်း အချိန်ပိုင်းအလုပ်လုပ်ရန် ထယ်ယောင်း convenience store ကို ရောက်နေပြီဖြစ်သည်။

ကျောင်းဆင်းချိန်တိုင်း ဂျောင်ဂုနဲ့အတူ အိမ်ပြန်နေကျပေမယ့် ဒီနေ့ အတူမပြန်လိုက်ရတော့ စိတ်ထဲ ကသိကအောက် စနိုးစနောင့်ဖြစ်မိ၏။

အဆိုးဆုံးကတော့ ဂျွန်ဂျောင်ဂုက တခြားကောင်လေးတစ်ယောက်နဲ့အတူ ပြန်သွားသည်ဆိုသော အချက်ပင်။ မဟုတ်မှ.. မိမိနဲ့ မဟုတ်ဘဲ အဲ့ကောင်လေးနဲ့များ ချယ်ရီပန်းတွေ အတူသွားကြည့်တာများလား။

"ဂျွန်ဂျောင်ဂု.. အစုတ်ပလုတ်၊ မကောင်းတဲ့ ကလေးစုတ်"

ထယ်ယောင်း စိတ်ပေါက်ပေါက်နဲ့ ပါးစပ်မှ အသံထွက်သည်အထိ ရေရွတ်ရင်း တစ်ယောက်တည်း စူပုတ်စွာ ထိုင်နေမိ၏။ ရင်ထဲတွင်‌ တင်းကြပ်နေတဲ့ ခံစားချက်ကလည်း သိပ်ကို နေရခက်ပါသည်။

ထိုအချိန် ဆိုင်တံခါးလေးပွင့်လာသဖြင့် ထယ်ယောင်း အလိုလိုမတ်တတ်ထရပ်လိုက်ကာ ဝင်လာသည့် customer ကို မကြည့်မိဘဲ ခေါင်းလေး အနည်းငယ်ငုံ့ပြီး နှုတ်ဆက်၏။

"ကြိုဆိုပါတယ်ဗျ"

"ဘာလို့ ညနေက ကျွန်တော့်ကို မစောင့်တာလဲ"

ရင်းနှီးနေပြီးသားအသံကြောင့် ထယ်ယောင်း ခေါင်းကို အမြန်မော့ကြည့်လိုက်မိလေရာ မျက်စိရှေ့တွင် တွေ့လိုက်ရသည်က ဆိုင်ကယ်ဦးထုပ်ကို ပိုက်၍ ရပ်နေသော ဂျွန်ဂျောင်ဂု။

"မင်း"

"ဘာလို့ မစောင့်တာလဲလို့ မေးနေတယ်လေ"

ဂျောင်ဂု မျက်နှာက တည်တံ့နေကာ အသံကလည်း နူးညံ့ညင်သာမှုရှိမနေ။ အခုလို အပြုအမူက သူ့ဘက်က လုပ်ရမှာရော ဟုတ်ရဲ့လား၊ မိမိဘက်က ရန်ရှာသင့်တာမဟုတ်လား။

"အဲ့ဒါ ငါမေးရမယ့် မေးခွန်းလေ၊ မင်းက အရင်ပြန်သွားတာမဟုတ်လား"

"ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ကျုပ် ခင်ဗျားအတန်းရှေ့မှာ စောင့်နေခဲ့တာ"

"မင်းသာ အလိမ်အညာတွေ ပြောနေတာလေ၊ ငါ ဆောင်းဟန်ဘင်းဆီက ကြားပြီးပြီ၊ မင်း ဒုတိယနှစ်က ကောင်လေးနဲ့အတူ ပြန်သွားတယ်ဆိုတာ၊ ငါသိတယ် ငါအကုန်သိတယ် ငါ့ကို လာမလိမ်နဲ့"

Spring Romance Where stories live. Discover now