🍃12🍃

1.5K 278 48
                                    

(Unicode)

ယနေ့ ဂျောင်ဂုအိမ်ရှေ့သို့ ပုံမှန်ထက် တစ်နာရီခန့်စော၍ ‌ထယ်ယောင်းရောက်နေပြီဖြစ်သည်။

လေပြေအေးလေးကလည်း ခပ်ညင်းညင်းတိုက်ခတ်နေသဖြင့် ဘေးနားရှိ သစ်ပင်တွေမှ သစ်ရွက်ကလေးတွေ လှုပ်နေပုံကလည်း တစ်မျိုး ရင်ခုန်စရာကောင်းနေသယောင်။ ရင်ခုန်တတ်စ အရွယ်မို့ အခုလို ခံစားနေရတာများလား။

ထယ်ယောင်း စောင့်နေရင်းနဲ့ ညက ဂျောင်ဂုပေးခဲ့သော နာမည်ကတ်ကလေးကို ပြန်ထုတ်ကြည့်မိသည်။

ဂျောင်ဂုက ဘယ်လိုအဓိပ္ပါယ်နဲ့ ပေးခဲ့လဲမသိပေမယ့် ကိုယ်တိုင်လည်း ငယ်စဉ်က ကောင်လေးတစ်ယောက်ကို နာမည်ကတ်လေး ပေးခဲ့ဖူးတာကို ရေးတေးတေး သတိရလာမိ၏။

"ဂျောင်ဂု သူငယ်ချင်းလား"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထယ်ယောင်း အလန့်တကြားဖြစ်သွားကာ ဂျောင်ဂုနာမည်ကတ်လေးကို အင်္ကျီအိတ်ကပ်ထဲ အမြန်ထည့်ရင်း အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။

ထယ်ယောင်းကို ခေါ်တဲ့သူက အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ဂျောင်ဂုတို့ ခြံဝန်းတံခါးပေါက်ကနေမို့ ဂျောင်ဂုအမေဖြစ်ရမည်ဟု ထယ်ယောင်း ကောက်ချက်ချမိ၏။

"မင်္ဂလာပါ သူဌေးကတော်"

ထယ်ယောင်း၏ နှုတ်ဆက်မှုအပြီး ထိုအမျိုးသမီးက ခပ်ရေးရေးလေးပြုံးရင်း ထယ်ယောင်းကို ခေါင်းအစ ခြေအဆုံး ကြည့်ကာ ထယ်ယောင်းစက်ဘီးကိုလည်း အကဲခတ်နေလေသည်။

"အခုမှမြင်ဖူးတာပဲ၊ ဂျောင်ဂုနဲ့ အမြဲကျောင်းအသွားအပြန် လုပ်နေတယ်ဆိုတာ သားလား"

"ဟုတ်ကဲ့၊ ကျွန်တော်က ဂျောင်ဂုရဲ့ သူငယ်ချင်း ကင်ထယ်.."

"ဒီမှာ အမေက ဘာလုပ်နေတာလဲ"

ထယ်ယောင်းစကားမဆုံးသေး ခြံထဲကနေ ဂျောင်ဂုထွက်လာသဖြင့် ထယ်ယောင်းလည်း စကားစပြတ်သွားကာ ဂျောင်ဂုအမေဆိုတဲ့သူဟာလည်း ဂျောင်ဂုဘက်ကို လှည့်ကြည့်လေ၏။

"ဪ.. သားသူငယ်ချင်း တစ်ယောက်တည်းဖြစ်နေလို့ လာစကားပြောကြည့်တာ"

Spring Romance Where stories live. Discover now