🌷5🖤🔞‼️

7.6K 89 1
                                    

Uni

သူတို့လုပ်ပြီးသည်နှင့်နှစ်ယောက်သားဖက်လျက်သားဖြင့် အိပ်နေကြသည်။

"ကိုယ်တို့ခရီးထွက်ရမယ်.."

အာသာကအရင်စပြောလိုက်သည်။

"ဘယ်ကိုလဲဟင်.."

"တခြားရွာကိုပါ အဲရွာကို ကိုယ်သိမ်းလိုက်တာ သူတို့က ကိုယ့်တို့ရွာကို လာတိုက်မလို့ကြံနေလို့.."

"ဟင်..ဟုတ်လား.."

"အင်း ကိုယ်တို့အဲမှာပြောင်းနေရအောင် အဲမှာက ရာသီဥတုပိုကောင်းပြီး ပိုနေလို့ကောင်းတယ်.."

"ဒီရွာကိုရောဘယ်လိုလုပ်မလဲ.."

"ကိုယ့်မှာလူတွေအများကြီးပါ သူတို့နဲ့အပ်ထားလို့ရတယ်.."

"ဟုတ်.."

"‌ဒါဆို မနက်ဖြန်စထွက်မယ် အခုကတည်းက အားဖြည့်ထား..."

"ဟုတ်..."

...................................

"ပင်ပန်းနေပြီလား ကိုယ်တို့ ၅ရက်လောက်တော့သွားရမှာ.."

"ဟီနာမပင်ပန်းပါဘူး..."

"အင်း..အိပ်နေလိုက်.."

"ဟီနာမနက်ကတည်းကအိပ်နေရတာ.."

"ဒါဆို ဘာလုပ်နေချင်လဲ..."

"ဟီနာကိုစာဖတ်ပြပါ..."

"အင်းကောင်းပြီလေ..."

အာသာက သူဖတ်နေတဲ့စာအုပ်ကို အသံထွက်ဖတ်ပြသည်။ စစ်ရေးနဲ့ပက်သက်တဲ့စာအုပ်ဖြစ်တာကြောင့်ဟီနာဘာမှနားမလည်ပါပေ။ ထို့ကြောင့်နားထောင်ရင်းဖြင့်ပြန်အိပ်ပျော်သွားတော့သည်။

"နာနာထတော့.."

"ဟမ်..အင့်.."

"ထပါအုံး..အစာစားရမယ်လေ"

"အာသာ.."

"အင်း..ကိုယ်ပါ.."

ဟီနာလည်းအိပ်ချင်မှုးတူးဖြင့်ထကာ အာသာချီခေါ်ရာနောက်လိုက်လာသည်။

သူတို့က ခရီးတစ်တောင့်နားကာ တောထဲအိပ်ကြတာကြောင့် မီးပုံလေးနဲ့ နေကြသည်။

အာသာက ဟီနာကိုမီးပုံ ဘေးချပေးကာ သူကင်ထားတဲ့အသား‌ကို ကျွေးသည်။

My Little Wife Where stories live. Discover now