🌷6🖤

4.6K 80 0
                                    

Uni

"ကိုယ်တို့နေရမယ့်နေရာရောက်ပြီ.."

၆ရက်လောက်ခရီးဆက်ကြပြီးနောက် သူတို့နေမယ့်နေရာကိုရောက်လာကြသည်။

"ဒီနေရာ လှလိုက်တာ.."

"အင်း..ဒီနေရာရဲ့ အရင်ခေါင်းဆောင်က အလှကြိုက်ပုံရတယ်.."

"ရောက်လာပါပြီလားခေါင်းဆောင်..."

အရင်နေကာထိန်းသိမ်းပေးထားတဲ့ အာသာရဲ့နောက်လိုက်က ကြိုဆိုလိုက်သည်။

"အင်း..ငါ့ဇနီးကို အနားယူမယ့်နေရာကိုခေါ်သွားလိုက်
ပြီးတော့ တစ်နာရီအတွင်း အစည်းဝေးစဖို့အသိပေးလိုက်.."

"ဟုတ်ကဲ့ပါ ခေါင်းဆောင် ဒီဘက်ကြွပါ ခေါင်းဆောင်ရဲ့ကတော်.."

"ကိုယ်အလုပ်ပြီးရင် လိုက်လာခဲ့မယ် အရင်နားနေနှင့်နော်.."

"ဟုတ်.."

ဟီနာလည်းကြောင်တောင်တောင်လေးဖြင့် အာသာ နောက်လိုက် လမ်းပြတဲ့အတိုင်းလိုက်သွားသည်။

ဟီနာ မရှိတော့တာနဲ့ အာသာမျက်နှာကအေးစက်သွားကာ

"အစည်းဝေးသွားမယ်!.."

......

"အင်း...အိပ်တော့မယ် ပင်ပန်းလိုက်တာ.."

ဟီနာက ညည်းတွားကာ ကုတင်ပေါ် ပစ်လှဲချလိုက်သည်။

"ဒီနေရာကပိုအေးချမ်းတယ် ငါ့မိသားစုနဲ့ လည်းဝေးတယ်.."

'သေချာစဉ်းစားကြည့်လိုက်တော့မှ အာသာနဲ့လက်ထပ်ပြီးနောက်မှာ ငါစားစရာလည်းရှာစရာမလိုဘူး အိပ်ယာကောင်းကောင်းမှာလည်းအိပ်ရတယ် ပြီးတော့ အာသာက ငါ့အပေါ်အရမ်းကောင်းပေးတယ် ငါအာသာကိုတစ်ခုခုပြန်ပေးသင့်တယ် အာသာက ဘာကြိုက်တတ်မလဲ..အာသာကအကုန်ပြည့်စုံနေတော့ သူက ဘာပစ္စည်းမှလိုအပ်မှာမဟုတ်ဘူး..'

"ခေါင်းဆောင်ရဲ့ကတော် ရေချိုးလို့ရပါပြီ.."

ဟီနာရေချိုးပြီးသည်နှင့် အပြင်ဘက်လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"အာသာက ကြာလိုက်တာ.."

ဟီနာဟိုကြည့်ဒီကြည့်ဖြင့် ရေရွတ်လိုက်သည်။

My Little Wife Where stories live. Discover now