🌷8🖤🔞‼️

3.9K 83 1
                                    

Uni

"မင်းအရမ်းလှနေတယ်.."

"တကယ်လား.."

"ပြွတ်စ်! ဒါပေါ့ကိုယ့်ဇနီးလေးကအလှဆုံး.."

ထိုနေ့မှာတော့ အာသာနဲ့ဟီနာက
ရွာထဲ လှည့်လှည်ကြမှာဖြစ်သည်။ ထို့ကြောင့် ဝတ်စုံအပြည့်ဝတ်ကာ ပြင်ဆင်နေကြသည်။

"ဝေါယာဉ်အဆင်သင့်ဖြစ်ပါပြီခေါင်းဆောင်"

"သွားရအောင်.."

အာသာက ဟီနာလက်ကိုကိုင်ကာ ဝေါယာဉ်ဆီသွားလိုက်သည်။

ဝေါယာဉ်နဲ့ တိုင်းခန်းလှည့်လည်ပြီး ရွာသူရွာသားတွေကို နှုတ်ဆက်သည်။ ရွာသူရွာသားတွေကလည်း သူတို့ရဲ့ခေါင်းဆောင်အသစ်ကို ထွက်ကာ ကြည့်ရှုကြသည်။

နေရာတော်တော်များများ လှည့်လည်ပြီးသည်နှင့် သူတို့ရဲ့အိမ်တော်ကို ပြန်လာခဲ့သည်။

"ပင်ပန်းသွားပြီလား..."

"မပင်ပန်းပါဘူး အာသာ ဗိုက်ဆာရုံပဲ"

"ကိုယ်သိပြီ သူတို့ကိုယူလာခိုင်းလိုက်မယ်.."

"ဟုတ်..."

........

နှစ်ယောက်သား စားသောက်ပြီးသည်နှင့် ခြံထဲလမ်းဆင်းလျှောက်ကြသည်။

"မင်းကိုယ်နဲ့နေရတာပျော်ရဲ့လား"

"အရမ်းကိုပျော်ပါတယ်အာသာ"

ဟီနာက လမ်းလျှောက်ရင်းဖြင့်တက်ကြွစွာပြောလိုက်သည်။

"မင်းလေးပျော်တယ်ဆိုရင် ကိုယ်ဝမ်းသာပါတယ်..."

"အာသာက ဟီနာ့ကို ဘာလို့လက်ထပ်လိုက်တာလဲဟင်.."

ထိုအမေးစကားကိုကြားသည်နှင့် အာသာ လမ်းလျှောက်နေရာမှရပ်လိုက်သည်။

"အင်း..မင်းကိုစတွေ့မိကတည်းကချစ်မိသွားလို့နေမှာပေါ့..."

"အာသာ!"

"ဘာလဲရှက်လို့လား စတွေ့တုန်းကကိုယ်တုံးလုံးလေးနဲ့ရေချိုးတာ မြင်ကတည်းကဆို ပိုတိကျမလား.."

အာသာက နီရဲနေတဲ့ ဟီနာမျက်နှာ အနားသို့ ငုံ့ချကာ ပြောလိုက်သည်။

"အာသာနော်..ဟွန့်.."

ဟီနာက အရှက်သည်းစွာဖြင့် တခြားတစ်ဖက်သို့ထွက်ပြေးသွားသည်။

My Little Wife Where stories live. Discover now