ch 1ငါကအဓိကဇာတ်ဆောင်မဟုတ်ဘူးတဲ့

67 9 0
                                    

Chapter 1

- ငါက အဓိက ဇာတ်ဆောင်မဟုတ်ဘူးတဲ့!!

___________

" ဒီတစ်ယောက်က တစ်နှစ်လောက် ပျောက်သွားပြီး အခုမှပဲ ပြန်ပေါ်လာတော့တယ် "

သန်းခေါင်ယံချိန်ကြီး ယဲ့ရုန် တစ်ယောက်တည်း ရေရွတ်မိလိုက်သည့်စကားပင်။

ယဲ့ရုန် သူ့ရဲ့ application မှာ အသစ်တက်လာတာရှိ မရှိစစ်ဆေးနေချိန် " Emperor Within New Emperors " [ ဧကရာဇ်အသစ်များထဲမှ ဧကရာဇ် ] ဆိုတဲ့ ၀တ္ထုအပိုင်းသစ်တင်လာတာကို တွေ့လိုက်ရသည်။တွေ့ပြီးပြီးချင်း ယဲ့ရုန်ခမျာ စိတ်လည်းလှုပ်ရှား၊ဒေါသလည်းထွက်နှင့်။

အဲ့ဒီ၀တ္ထုဟာ စာလုံးရေဆယ်သန်းကျော်တောင်ရှိတဲ့ Webnovel တစ်ပုဒ်ပင်။ယဲ့ရုန်မှာဆို အလယ်တန်းကျောင်းသားဘ၀ကနေ ကောလိပ်ထိတစ်လျှောက်လုံး အချိန်အကြာကြီး စောင့်ဖတ်ခဲ့ရပေမဲ့ အမျိုးသားဇာတ်ဆောင် အရေးကြီးဆုံး,ဆုံးဖြတ်ချက်ချရတော့မဲ့ နောက်ဆုံးအပိုင်းရောက်မှ စာရေးသူက တစ်နှစ်လုံးရပ်ဆိုင်းပစ်လိုက်သတဲ့လေ။

အဲ့တုန်းက သူ့မှာဆို တအားဒေါသထွက်ရလွန်းလို့ group chat ထဲ ချက်ချင်းသွားပြီး စာရေးသူနဲ့အခြားစာဖတ်သူတွေကို သူ့ဒေါသတွေနဲ့ ပြာချပစ်ခဲ့လိုက်သေးသည်။

စာရေးသူကတော့ ဘာမှမပြောရှာပေမဲ့ စာဖတ်တဲ့သူတွေကတော့ လောင်ပြာကျကုန်ပါရော။ပြီးတော့ group ကြီးကလည်း ကားစက်သံတွေလို ဆူညံသွားတာများ။သူတို့က နေ့တိုင်း စက်သေနတ်ပစ်သလိုလာလာဖောက်လေ့ရှိတော့ သူတို့နဲ့စာရင် ယဲ့ရုန်ခမျာ နေ့တိုင်း
" ပြောလေ ၊ မင်းတို့ပြောကြ " ဆိုတဲ့အချိုးလေးနဲ့ပဲ ငြိမ်နေလိုက်ရတော့သည်။

အခုဆို ၀တ္ထုက အပိုင်းသစ်တင်လာပြီဖြစ်ပြီး
မမျှော်လင့်ထားတာတွေသာ ဘာတစ်ခုမှ ဖြစ်မလာရင်တော့ ဒါနောက်ဆုံးအပိုင်းပဲ ဖြစ်သည်။

ရိုးသားရရင်တော့ ယဲ့ရုန် အခုချိန် နည်းနည်းတွန့်ဆုတ်နေမိတယ်။အဲ့ဒါက , ကလေးတစ်ယောက် ကြီးပြင်းလာပြီးသူ့ဘ၀သူရပ်တည်တော့မှာကို စောင့်ကြည့်နေရတာနဲ့တောင် တူနေသေးသည်။အဖေတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲတွန့်ဆုတ်နေပါစေ သူ့ကလေးအတွက် လိမ္မော်သီးလေးတွေပဲ၀ယ်ထည့်ပေးလိုက်ဖို့ တတ်နိုင်သလိုမျိုးပေါ့။

ကူးပြောင်းခံလိုက်ရပြီးနောက် ဇာတ်ဆောင်တွေထက်ကျော်ကြားသွားတယ်Where stories live. Discover now