ch 2ကံကြမ္မာလှည့်ပြောင်းခံလိုက်ရတယ်

14 7 1
                                    

Chapter 2

_ ကံကြမ္မာလှည့်ပြောင်းခံလိုက်ရတယ်။
___________
ယဲ့ရုန်တစ်ယောက် သူ့ရဲ့အနာဂတ်ကိုတွေးမိပြီး ထိတ်လန့်လာသည်။သူက အမျိုးသားဇာတ်ဆောင်အတွက် အတွေ့အကြုံထုပ်လေးသာ,သာတော့ မဖြစ်ချင်ဘူးပဲ ဖြစ်သည်။

' ငါ့ဖုန်းရော?
နောက်တစ်ကြိမ်သာ ခေါင်းကိုဖုန်းနဲ့ရိုက်ခွဲလိုက်ရင် ဟိုကိုပြန်သွားနိုင်လောက်တယ်။ဒီလိုရောက်လာတာကြီးကျ အန္တရာယ်များလွန်းလိုက်တာ။ '

ယဲ့ရုန် အိပ်ရာတစ်ခုလုံးမွှေနှောက်ရှာဖွေသော်လည်း ဖုန်းကို မတွေ့ရ။
___________
၀ူရွှယ် ဘေးမှာ ဘာအသံမှမထွက်ရဲဘဲ တုန်လှုပ်စွာပဲရပ်နေမိတယ်။ယဲ့ရုန်ဘာတွေဖြစ်နေလဲ သူမ,မသိပေမဲ့ သူမကို သေအောင်ရိုက်မသတ်တာကပဲ ကံကောင်းလွန်းလှပြီလို့ တွေးလိုက်မိသည်။

၀ူရွှယ့်ဘ၀ ရှင်သန်ရပ်တည်နေခြင်းရဲ့ ရည်မှန်းချက်ကတစ်ခုပဲရှိသည်။ထိုအရာကား သူမ,မသေဆုံးခင် သူမရဲ့မိဘတွေကို ရှာတွေ့သွားဖို့ပဲ ဖြစ်သည်။
___________
ယဲ့ရုန် သူ့ဖုန်းရှာခြင်း မအောင်မြင်တဲ့အခါ ရှာနေတာကို ခဏလောက် ရပ်ပြီးစဥ်းစားလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဖုန်းက တစ်ယောက်ယောက်ရဲ့ဆီမှာ ရှိနေရမှာပဲ ဖြစ်သည်ပင်။

စဥ်းစားကြည့်ရင်း သူ့အတွေးထဲမှာ ပေါ်လာတာက SYSTEM!!

" အမိန့်ရှိပါရှင် " ပုံမှန်သဘာ၀မကျတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံကို ယဲ့ရုန်ကြားလိုက်ရသည်။

" ဘာလို့များ Tao Bao က အရောင်း၀န်ဆောင်မှု ကိုယ်စားလှယ်စက်တွေရဲ့ အသံနဲ့တူနေတာလဲဟ"

" ပြောစရာရှိတယ်ဆိုရင်လည်း လိုရင်းကိုပဲရောက်အောင် ပြောလိုက်စမ်းပါ "

" ဟမ်?...ဘာလို့များ ရုတ်တရက်ကြီး ဆိုးသွမ်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံလိုမျိုး ပြောင်းသွားရပြန်တာလဲကွာ "

" ကူညီနိုင်တာများ ရှိပါသလား ၊သခင် "

" ဒီတစ်ခါကျ အစေခံလိုမျိုး ? "

" ဒူးထောက်ပြီး တောင်းဆိုလိုက်လေ "

" ဒီတစ်ခါကျ ဘုရင်မပုံစံ ဖြစ်သွားရပြန်ပြီ။တခြားsystem တွေကျ ဘာစိတ်ခံစားချက်မှမရှိဘဲအလုပ်တာ၀န်တွေပဲ ပြောတဲ့စက်တွေလေ ငါ့system ကျမှ ဘာလို့ စိတ်ခံစားချက်တွေပါလာရတာလဲ? "

ကူးပြောင်းခံလိုက်ရပြီးနောက် ဇာတ်ဆောင်တွေထက်ကျော်ကြားသွားတယ်Where stories live. Discover now