Chapter - 3
- ကမ္ဘာအသစ်လေးရေ... ဒီမှာ ငါလာပြီလေ။
___________
" Lil Xue ... မင်း ယဲ့မိသားစုဆီရောက်တာ ဘယ်လောက်ကြာပြီလဲ "ကြင်နာပြီးချောခန့်လွန်းတဲ့အပြုံးတစ်ခုနဲ့အတူ ယဲ့ရုန် မေးလိုက်သည်။
သို့သော်လည်း ယဲ့ရုန်ဟာ သူစိတ်အခြေအနေမကောင်းတာနဲ့တင် လူတစ်ယောက်ကိုသတ်လိုက်နိုင်တယ်ဆိုတာ သိရှိပြီးနောက် ၀ူရွှယ့်အနေနှင့် ယဲ့ရုန်ရဲ့အပြုံးဟာ သေမင်းတံခါး၀ကနေလက်လာပြသည်နှင့် မထူးခြားစွာ ကြောက်ဖို့ကောင်းပေသည်။
" သခင်လေး... ဒီနေ့က ကျွန်မဒီမှာရှိတာ လေးရက် မြောက်နေ့ပါ "
၀ူရွှယ်ရဲ့ပင်ကိုအသံဟာ နူးညံ့ချိုသာလှသည်။အကယ်၍ သူမသာ သေခြင်းရဲ့အစွန်းတစ်ဖက်ကိုရောက်မနေလျှင် သူမရဲ့လက်ရှိအသံဟာလည်း ထိုကဲ့သို့ပင်ဖြစ်နေပေလိမ့်မည်။
သူမ,မိဘတွေက သိုင်းပညာသမားတွေဖြစ်ကြသော်လည်း ၀ူရွှယ်ဟာ ကျန်းမာရေးချူခြာစွာ ကြီးပြင်းလာရတာကြောင့် ကိုယ်ခံပညာရပ်တွေနဲ့ မသင့်လျော်ပေ။ထို့ကြောင့် သူမဟာ အိမ်မှာပဲနေပြီး စာအုပ်တွေသာဖတ်ခဲ့ရသည်။
စာဖတ်သူတစ်ယောက်အနေနဲ့ ယဲ့ရုန် ၀ူရွှယ့်ကိုတစ်ကယ်သဘောကျပါသည်။မကြာခဏရိုက်နှက်ခံနေရတာတောင် သူမက အကောင်းမြင်တတ်ပြီး ရွှင်ပျနေတုန်းပဲ ဖြစ်သည်။သူမရဲ့အကြီးမားဆုံးဆန္ဒကတော့ သူမ,မိဘတွေကို ပြန်ရှာတွေ့ဖို့ပဲဖြစ်ပြီး သူတို့အသက်ရှင်လျက်ရှိနေကြလိမ့်မည်လို့လည်း ယုံကြည်ထားတာပဲ ဖြစ်သည်။
အဲ့ဒီခွေးလိုစာရေးသူက အဆုံးသတ်မှာ ၀ူရွှယ့်မိဘတွေအကြောင်းကို မေ့သွားခဲ့ပေမဲ့လည်း မိဘကိုရှာဖွေဖို့ဘယ်တော့မှ လက် မလျှော့ခဲ့တဲ့၀ူရွှယ့်ဆီကနေ ယဲ့ရုန်ဟာ လုံး၀အနိုင်ပိုင်းခံလိုက်ရတာပဲ ဖြစ်သည်။" ဟမ်? လေးရက်မြောက်နေ့ "
ယဲ့ရုန် ဇာတ်ကြောင်းကို စဥ်းစားမိလိုက်တော့ ၀ူရွှယ် သူ့ဆီရောက်တာ ပထမဆုံးနေ့ပဲဆိုတာ အမှတ်ရလိုက် မိသည်။သို့ဖြစ်လျှင် ယဲ့ရုန်အနေနဲ့ သူအစားထိုး၀င်ရောက်မလာခင် ၀ူရွှယ့်ကို ရိုက်ရသေးမှာမဟုတ်။ကောင်းတယ် ကောင်းလွန်းတယ်။