part 1

66 4 4
                                    

ရုတ်တရက် မိမိကားရှေ့သို့ ပိတ်ရပ်လာသော လူတစ်စုကြောင့် Win လန့်သွားကာ ကားဘရိတ်ကိုစောင့်နင်းလိုက်မိသည်

"Nani သူတို့က ဘာတွေလဲ"

"မသိဘူး Win လက်ထဲမှာလဲ သေနတ်တွေနဲ့၊ Win သတိထားနော်"

Nani နဲ့ Win တို့ ရုတ်တရပ်ဖြစ်ပေါ်လာတဲ့အခြေနေကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ထိတ်လန့်နေမိစဉ် ထိုလူများအနားရောက်လာပီ ကားတံခါးအားအတင်းဖွင့်ခိုင်းနေကြသည်မို့ Win တို့လဲ ရှောင်လွှဲမရ ဖွင့်ပေးလိုက်ရသည်

ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အခြေနေတွင် မိမိတို့ နှာခေါင်းဝဆီသို့ လက်ကိုင်ပဝါတစ်ခုနှင့်အအုပ်ခံလိုက်ရပီး လောကကြီးနဲ့ အဆက်ပြတ်သွားခဲ့ကြရသည်
                     🀼󒠼󒠼󒠊
Win သတိရလာချိန် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်မိစဉ်မှာတော့ ပင်လယ်တစ်ခုအလယ်က စက်လှေပေါ်သို့ရောက်နေခဲ့လေပီ
သူနဲ့အတူ လူနှစ်ယောကိုလည်းတွေ့လိုက်ရသည်

"Nani ၊ Nani ရော သူဘာဖြစ်သွားပီလဲ"

"အိုက်စံ ဟိုကောင်သတိရလာပီ၊ မင်းသေချာထိန်းထားလိုက်အုံး"

အိုက်လုံ ပြောလိုက်သည့်စကားကြောင့် အိုက်စံ Win အနားကိုရောက်လာပီ သေနတ်နဲ့ချိန်ရွယ်ရင်း

"ဘယ်လိုလဲ သတိရလာပြီလား"

" ခများ ခများတို့ ကျွန်တော်ကို ဘယ်ခေါ်လာကြတာလဲ ၊ Nani ရော သူ့ကို ခများတို့ဘာလုပ်လိုက်ကြလဲ"

"မင်းနဲ့ပါလာတဲ့ကောင်ကို ငါတို့ကားပေါ်မှာပဲ ဒီတိုင်းထားခဲ့တာ၊ အခုက သူများတွက်စိတ်ပူနေရမယ့် အချိန်မဟုတ်ဘူး မင်းအတွက်ပဲ မင်းပူစမ်းပါ ငါတို့ခေါ်ရာနောက်ကို အသာငြိမ်ငြိမ်လိုက်ခဲ့ရင်လိုက် မလိုက်ရင် မင်းကို ဒီပင်လယ်ထဲမှာပဲ ငါးစာကျွေးပစ်ခဲ့ပေးမယ်"

"မင်းတို့ ငါ့ကို ဘာလို့ဖမ်းလာကြတာလဲ၊ အေး မင်းတို့တွေ အခုလိုငါ့ကိုလုပ်လိုက်တဲ့ အကျိုးအပြစ် ကောင်းကောင်းခံစားရလိမ့်မယ်နော်၊ ငါ ဘယ်သူလဲဆိုတာ မင်းတို့မသိတာလား ဟမ်!!"

"ဟား ဟား ဟား သိပ်သိတာပေါ့ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး Top.1 စာရင်းဝင် Opas- iamkajorn အိမ်တော်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ မြေးလေး Win Metawin Opas-iamkajorn "

 ♥ဆန်းကြယ်သော ချစ်ဖူးစာကံ♥Where stories live. Discover now