Bright ပြန်လာစဉ် အိမ်ထဲမှာ အရိပ်အယောင်မတွေ့ရသော ကောင်လေးကြောင့် လိုက်ရှာနေမိသည်။
အိမ်အနီးနားပတ်လည်ကို ရှာကြည့်သော်လဲ အရိပ်ယောင်ပင်မတွေ့ရသောကြောင့် Bright စိုးရိမ်စိတ်တို့ကမြှင့်တတ်လာခဲ့သည်"ကျစ် ဘယ်တွေလျှောက်ထွက်သွားနေပြန်တာလဲကွာ"
Bright ကျွန်းတစ်လျှောက် စိတ်ပူစွာ လိုက်ရှာနေရင်း ကျွန်းပတ်လည်ကို ကင်းလှည့်နေကြတဲ့ Man, နဲ့ Boss တို့နဲ့ဆုံလေသည်။
"Man၊ Boss ဟိုကောင်လေးကိုမြင်မိသေးလား"
"ဟို ကမ်းစပ်နားက ကျောက်ဆောင်ပေါ်မှာထိုင်နေတယ် သ...ခင်... "
Man သခင်လေးတောင် ဆုံးအောင် မခေါ်လိုက်ရသေးခင် ပြာယာခတ်ကာ ပြေးထွက်သွားတဲ့ ဆရာသမားကြောင့်
Man နဲ့ Boss တစ်ယောက်မျက်နှာ တစ်ယောက်အပြန်အလှန်ကြည့်ရင်း အံ့သြကြီးစွာ ပြိုင်တူရေရွတ်လိုက်မိကြသည်။"ဒါ ငါတို့သခင်လေးမှ ဟုတ်ရဲ့လား"
🌊🌊🌊စိတ်လွတ်ကိုယ်လွတ်ပြေးထွက်လာတဲ့ ခြေလှမ်းတွေက ပင်လယ်ဘက်ကိုမျက်နှာမူကာ ကျောက်ဆောင်ပေါ်ထိုင်နေတဲ့ ကျောပြင်ငယ်လေးကိုမြင်မှ ရပ်တန့်လေသည်။
စိတ်ပေါက်ပေါက်နဲ့အားရအောင် ဆူလိုက်မယ်လို့တွေးထားသော်လဲ ညိုးငယ်နေတဲ မျက်နှာလေးကိုမြင်လိုက်စဉ်တဒင်္ဂ ဆူချင်စိတ်တို့က ကြက်ပျောက်ငှက်ပျောက်
Bright သက်ပြင်းရှည်ကိုချကာ အကောင်ပေါက်လေးနား အသာဝင်ထိုင်လိုက်သည်။
ဒီကောင်လေးအပေါ် သနားကြင်နာစိတ်တွေက မဖိတ်ခေါ်ပဲ ဝင်ဝင်လာနေတာ ဘာလို့လဲ
"ကျွန်တော်ကို ပြန်ပို့ပေးပါ၊ ကျွန်တော် အိမ်ပြန်ချင်တယ်"
အသံသေးသေးလေးဖြင့် မျက်နှာလေးငယ်ကာ ပြောလာသော ထိုကောင်လေးကို Bright စောင်းငဲ့ကြည့်ရင်း
"ပြန်ပို့ပေးပါမယ်"
"တကယ် တကယ်လား"
ချက်ချင်း မျက်နှာလေးဝင်းလက်ကာ မေးလာသောကောင်လေးရယ်ပါ။
"ဟုတ်တယ် ပြန်ပို့ပေးမယ်၊ ဒါပေမယ့် အခုတော့မရသေးဘူး"
"ဟမ် ဘာလို့လဲ"
YOU ARE READING
♥ဆန်းကြယ်သော ချစ်ဖူးစာကံ♥
Fanfictionငှက်သိုက်ကျွန်းပိုင်ရှင်လူချောလေးနဲ့ ဘန်ကောက်မြို့ရဲ့ အချမ်းသာဆုံးစာရင်းဝင် ချစ်စရာသူဠေးသားလေးတို့ရဲ့ ကျွန်းပေါ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ် 😍