Part 3

25 3 0
                                    

"Man ဟိုကောင်တွေကို ခေါ်လာခဲ့"

ခဏ အကြာ Bright အရှေ့သို့ရောက်လာတဲ့ အိုက်လုံနဲ့ အိုက်စံ ညီကိုနှစ်ယောက် Bright လက်ပြန်ရိုက်ချက်နဲ့ အလဲလဲပြိုပြို ပစ်ကျသွားရသည်။

"မင်းတို့က ငါ့ကိုတောင်ကျော်ပြီး လုပ်ရဲတယ်ပေါ့လေ ဟမ်!!
ပြောစမ်း အဲ့ဒီကောင်လေးက ဘယ်သူလဲ ၊ မင်းတို့ဘာလို့ ဒီကျွန်းပေါ်ကိုဖမ်းခေါ်လာတာလဲ"

"ငါတို့ကို ခိုင်းလို့လုပ်တာ ၊ သူ့ကိုဖမ်းခေါ်သွားပေးရင် ငွေရမယ်ဆိုလို့လုပ်တာ"

ခွပ်!!

အကြောတင်းစွာ ပြန်ပြောလိုက်တဲ့ အိုက်လုံရဲ့ပါးပေါ် Man ရဲ့ လက်သီးချက်က အရှိန်ပြင်းပြင်းကျရောက်သွားခဲ့သည်။

"သခင်လေးကို ဘယ်လိုလေသံနဲ့လာပြောနေတာလဲ ဟမ်!!"

လဲကျသွားတဲ့ အိုက်လုံကို ထပ်ကန်ဖို့လုပ်နေတဲ့ Man ကြောင့်

"Man တော်ပြီ၊ ငါဒီကောင်တွေကို မေးစရာရှိသေးတယ်"

"ပြောစမ်း သူကဘယ်သူလဲ"

"ငါတို့မသိဘူး ၊ ငါတို့က ခိုင်းတာကိုလုပ်ရုံပဲ"

" မင်းတို့ ငါ့ကို လာလိမ်လို့ရမယ်ထင်နေတာလား၊ မင်းတို့မသိဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး သိကိုသိရမယ်"

"ငါတို့ မလိမ်ဘူး၊ ငါတို့တကယ်မသိတာ"

"ဟာ ဒီကောင်တွေ"

"Man တော်ပြီ"

"မင်းတို့ သွားလို့ရပြီ"

ထွက်သွားတဲ့ အိုက်လုံနဲ့ အိုက်စံကိုကြည့်ုပြီး Man တစ်ယောက် မကျေမချမ်းရေရွတ်လိုက်တယ်

"လူပါးဝတဲ့ကောင်တွေ။ သခင်လေး ဘာလို့ သူတို့ကိုပြန်လွှတ်ပေးလိုက်တာလဲ"

"Man မလွှတ်ပေးလည်း သူတို့ကလွယ်လွယ်နဲ့ဖြေမယ်လို့ မင်းထင်လို့လား၊ သူတို့ကို ဒီတိုင်းမေးနေလို့လဲ ဘာမှထူးမှာမဟုတ်ဘူး၊အဲ့တော့ ဒီကောင်တွေကိုစောင့်ကြည့်ထား၊ အခုကျွန်းပေါ်ရောက်လာတဲ့ကောင်လေးကိုရောပဲ"

" အဲ့ဒီကောင်လေးကို ဘယ်လိုလုပ်ကြမလဲ သခင်လေး၊ ဘယ်လိုလုပ်ရမှာလဲ အခုလောလောဆယ်တော့ စောင့်ကြည့်ပြီးခေါ်ထားရမှာပဲ၊၊ ဘန်ကောက်ကို ပြန်ပို့ဖို့ကလဲ အခုက မုတ်သုန်ရာသီဖြစ်နေလို့ လေပြင်း မုန်တိုင်းတွေနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး"
🌊🌊🌊

 ♥ဆန်းကြယ်သော ချစ်ဖူးစာကံ♥Where stories live. Discover now