Part 4

16 2 1
                                    


Opas Iamkajorn အိမ်တော်တွင် >>>>

" သခင်မကြီး Drake လာပါတယ်"

"အိုး Drake ရောက်လာတယ်လား ငါ့အခန်းထဲကို အမြန်လွှတ်လိုက်"

Drake ဆိုတာ သခင်မကြီးရဲ့ လူယုံတစ်ယောက်ဖြစ်တဲ့အပြင် မွေးစားမြေးလို့တောင်ပြောလို့ရတဲ့သူ
လုပ်ငန်းခွဲတော်တော်များများကို ဦးစီးလုပ်ကိုင်ပေးနေပြီ ၊ Opas iamkajorn က မြေး Win Metawin ပြီးရင် သူဟာအရေးပါဆုံးဖြစ်သည်။

Opas iamkajorn က company ခွဲတွေ ဟိုတယ်တွေ များစွာရှိတဲ့အနက် ဘန်ကောက်က Opas iamkajorn ဟိုတယ်နှင့် Win Metawin O. အမည်ရှိ company က အကြီးဆုံးဖြစ်ပြီး Opas iamkajorn fam က မြေးဖြစ်သူ Win Metawin ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေခြင်းဖြစ်သည်။

Drake ကတော့ ချင်းရိုင်က ဟိုတယ်နှင့် အခြား company ကို ဦးစီးနေရခြင်းဖြစ်သည်။ ချင်းရိုင်က ဟိုတယ်ကို ဦးစီးရသည်ဆိုသော်လည်း Win ရဲ့ အာဏာစက်ကတော့မကင်းပေ။ Win Metawin အမိန့်သာတည်၍ သူပြီးမှသာ ပြီးရသည်။

ဒါကို Drake က ကျေနပ်ခြင်းမရှိပေ၊ အရာရာကို သူသာချုပ်ကိုင်နိုင်သူဖြစ်ချင်ခဲ့သည်၊၊ ဘန်ကောက်မှာရှိတဲ့ အကြီးဆုံး ဟိုတယ်နဲ့ company ကိုလည်း သူပဲဦးစီးချင်သည်။ Win နဲ့လည်း တွေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် စကားနာထိုးတတ်သူတွေဖြစ်ပြီး မျက်နှာကြော သိပ်မတည့်ပေ။

အခုလည်း Win မရှိတာကို အခွင့်ကောင်းယူပြီး ဘန်ကောက်က Opas iamkajorn ဟိုတယ် နဲ့ Win Metawin O. company ကို ဦးစီးဖို့အကြံနဲ့အတူ ချင်းရိုင်ကနေ ရောက်လာခဲ့ခြင်းပင်။

"လာ Darker ၊ မင်း ဘယ်လိုအကြောင်းကိစ္စကြောင့်များရောက်လာခဲ့တာလဲ"

"ကျွန်တော် Win ရဲ့ သတင်းကြားပြီပြီးချင်း ရောက်လာခဲ့တာပါအဖွား၊ Win သတင်း ဘာကြားရသေးလဲ"

"ဟင်းး ၊ အဖွားတို့လည်းမြေလှန်ရှာနေပေမယ့် အခုထိ ဘာသတင်းမှမကြားရဘူးဖြစ်နေတယ် ၊ အဖွားမြေးလေး အဖွားရဲ့ မြေးလေး ဘေးကင်းရဲ့လားမသိပါဘူးကွယ် "

သခင်မကြီးမှာ ပြောရင်း မျက်ရည်မဆယ်နိုင်ဖြစ်နေရသည်၊၊ ဒီကလေးက သူ့လက်ပေါ်မှာပဲကြီးပြင်းလာခဲ့ရတဲ့ သူရဲ့တစ်ဦးတည်းသော ရင်နှစ်သည်းချာမြေးလေးပင် မဟုတ်ပါလား။ Win ငယ်ငယ်လေးထဲက မိဘများက တရုတ်မှာ စီးပွားရေးလုပ်ရင်း အခြေချနေခဲတာကြောင့် Win က အဖွားဖြစ်သူနဲ့ပင် ကြီးပြင်းလာရသူဖြစ်သည်။ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေရတဲ့ CEO လေးဆိုပေမယ့်လည်း နူနူညံ့ညံ့လေးနှင့် တကယ့်ကိုကလေးတစ်ယောက်နှယ်ဖြူစင်လွန်းလှတဲ့ကလေးလေးမို့ ပိုစိတ်ပူနေမိရသည်၊၊အဖွားရဲ့ မြေးငယ်လေး အဆင်မှပြေပါလေစ။
                      
" အဲလောက်ကြီးလည်း စိတ်မပူပါနဲ့အဖွားရယ် ၊ Win ဘေးကင်းမှာပါ၊ ကျွန်တော်လည်း ကြိုးစားပြီးရှာပေးပါမယ်၊ ပြီးတော့ အခုလက်ရှိ CEO နေရာ လစ်ဟာနေတဲ့ company နဲ့ ဟိုတယ်ကိုလည်း ကျွန်တော်ကြည့်ထိန်းထားပေးပါမယ်"

 ♥ဆန်းကြယ်သော ချစ်ဖူးစာကံ♥Where stories live. Discover now