part 2

23 4 1
                                    

Bright အိမ်ထဲသို့ ရောက်လာသည်နှင့် သတိလစ်မေ့မျောနေသော အကောင်ပေါက်လေးအား ဆိုဖာပေါ်အသာတင်ပေးလိုက်သည်

"ငုံ့မကြည့်နဲ့လို့ပြောနေရင်းမှ ငုံ့ကြည့်ဖြစ်အောင်ငုံကြည့်လိုက်သေးတယ်"

Bright တပျစ်တောက်တောက် ရေရွတ်ရင်း အခုမှ ထိုကောင်ပေါက်လေးရဲ့ မျက်နှာကိုသေချာကြည့်လိုက်မိသည်၊၊
ဘယ်လိုလေးလဲ ယောက်ျားလေးတစ်ယောက်က ဒီလောက်ထိချစ်စရာကောင်းဖို့လိုလို့လား
ဖြူနုနုအသားအရည်လေးနဲ့ စင်ယော်တောင်မျက်ခုံးနက်နက်ကလေးတွေ ၊ ပါးဖောင်းဖောင်းရဲရဲလေးတွေကြားက နှာတံစင်းစင်းလေး၊ ခပ်စူစူလေးဖြစ်နေတဲ့ နှုတ်ခမ်းဖူးရဲရဲလေးက ဂျယ်လီတုံးလေးပမာ၊  ပြီးတော့ ရန်တွေ့လိုက်တိုင်း ပေါ်လာတဲ့ ယုန်သွားလေးနှစ်ချောင်း

အင်းး ရယ်လိုက်ရင်လည်း ဒီယုန်သွားလေးနှစ်ချောင်းကြောင့် ဘယ်လောက်များချစ်စရာကောင်းလိုက်မလဲ
အခုထိတော့ ကျေးဇူးရှင်လေး ရယ်တာကိုတခါမှမတွေ့ရသေးပဲ သူ့ကိုရန်ပဲထောင်နေလေရဲ့ (🤣)

Bright ထိုအကာင်ပေါက်လေးကို ငေးကြည့်ပြီး အတွေးနယ်ချဲ့နေရင်း စိတ်လိုလက်ရပြုံးနေမိပြီးမှ သတိပြန်ဝင်လာကာ

ဟာ ငါက ဘာဖြစ်နေရတာလဲ သူ့ဘာသာ ဘယ်လိုနေနေငါနဲ့ဘာဆိုင်လဲ၊၊
Bright အတွေးတွေကို ခါယမ်းထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို သတိပြန်ကပ်လိုက်သည်

"ကျစ် ဒီကောင်လေး အကျီင်္တွေက ရေတွေစိုနေတာပဲ မဖြစ်သေးပါဘူး"

Bright သူ့အဝတ်အစားများအားယူလာပြီး Win ကို အကျီ်လဲပေးဖို့ လုပ်ရတော့သည်၊၊

အကျီင်္ချွတ်ရန် ရင်ဘတ်ပေါ်က ကြယ်သီးများပေါ်သို့ လက်လှမ်းမည်အလုပ် ရင်ထဲမှာ တလှပ်လှပ်နဲ့ ကတုန်ကရင်ဖြစ်လာသလိုပင်။
ကြယ်သီးဖြုတ်ရန် လှမ်းနေသော လက်အစုံကလဲ တုန်ရင်လျှက်

" ကျစ် ဘာဖြစ်ရပြန်ပြီလဲကွာ၊ ငါဘာတွေဖြစ်နေတာလဲ ယောက်ျားလေးအချင်းချင်း အကျီင်္လဲပေးတာပဲလေ ဘာလို့ ငါကရှက်နေရတာလဲ"

Bright ကိုယ့်စိတ်ကိုယ် ပြန်အားပေးကာ တုန်ရင်နေတဲ့လက်များကို အတတ်နိုင်ဆုံးထိန်းရင်း အကျီင်္ကြယ်သီးများအားဖြုတ်ရန်ကြိုးစားလိုက်သည်

 ♥ဆန်းကြယ်သော ချစ်ဖူးစာကံ♥Waar verhalen tot leven komen. Ontdek het nu