အပိုင်း(၁)

3.7K 152 12
                                    

ပူပြင်းလှနေတဲ့နေရောက်ခြည်အောက်မှာ ထီးတစ်ချောင်းတောင်မပါဘဲ လမ်းလျှောက်နေရသူအဖို့ ပူအိုက်တာဆိုတာဆိုဖွယ်မရှိ။
ပုံမှန်ဆို ထီးတစ်ချောင်းတော့ မမေ့မလျှော့ဘဲယူနေကျပါ။ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေ့လျော့သွားခဲ့မိ၏။ဒါဟာလည်း‌ ကိုယ့်ရဲ့
အပြစ်ချည်းတော့မဟုတ်ပါ။ အိမ်ကနေထွက်ခါနီးမှ မမပေးလိုက်တဲ့ အထုပ်ကြောင့်သာဖြစ်သည်။
မယူချင်ယူချင်နဲ့ယူလာခဲ့ရတာမို့ ဘာတွေထည့်ထားသလဲဆိုတာလည်းမမေးမိခဲ့။

လက်ထဲကအထုပ်ကြီးကို ကြည့်လိုက်မိတော့ ဒီပစ္စည်းတွေရဲ့ပိုင်ရှင်ကိုသာ စိတ်ထဲကကျိန်ဆဲလိုက်မိသည်။ဒီပစ္စည်းကြောင့်သာမဟုတ်ရင် ဒီအထိနေပူခံပြီးလာစရာလည်းမလိုသလို ထီးလည်းမေ့လိမ့်မည်မဟုတ်ပါ။အခုတော့ သူကြောင့်...

အထုပ်ကြီးဆိုတာလည်းမနည်းလှပါ။
လူကနွမ်းနယ်နေသည့်ကြားကနေ ဘာတွေထည့်ထားမှန်းမသိတဲ့အထုပ်ကို သယ်နေရတာဝဋ်ကြီးလိုက်တာ။

မမပြောတဲ့နေရာတော့ ရောက်လာခဲ့ပြီ။ပစ္စည်းလာယူမဲ့သူကိုတော့ တစ်ခါမှမမြင်ဖူးတာမို့ အနီးအနားမှာရှိနေရင်တောင်သိမှာမဟုတ်ပါ။
ဆွေးမှာ ဒီနေရာအထိရောက်နေတာတောင် အထုပ်ကိုသယ်လာရတဲ့ဝဋ်ကမကုန်သေးပါ။ဘာတွေထည့်ထားမှန်းမသိတာမို့ ပြီးစလွယ် အောက်လည်းမချထားချင်ပါ။ဒါကြောင့်မို့ ရင်ခွင်ထဲမှာပဲထည့်ထားလိုက်သည်။

"နေရိပ်ဆွေးရဲ့ ညီမလေးမလား"

နားဝင်ချိုလွန်းတဲ့အသံလေးကြောင့် မော့ကြည့်လိုက်မိသည်။

ဘုရားရေ....လှရက်လိုက်တာ။

တဒင်္ဂလေးအတွင်းမှာ မှတ်ချက်ပေးလိုက်မိသည်။
ပြီးတော့ ဆွေးရဲ့ရင်ထဲမှာစည်းချက်မညီစွာမြည်ဟီးလာတဲ့တဒုတ်ဒုတ်ရင်ခုန်သံတွေ။

'ဘုရားရေ....ဆွေး ရင်ခုန်မိသွားတာလား'

'မိန်းမတစ်ယောက်က အခြားမိန်းမတစ်ယောက်ကိုလေ'

ဘုရားစူးပါရဲ့...။ဒါဟာ လူတစ်ဦးအပေါ်ပထမဆုံးဖြစ်ပေါ်လာမိတဲ့ ပထမဦးဆုံးရင်ခုန်မိခြင်းပါပဲ။

ထပ်ပြီးသူ့မိက်နှာကို‌အသေးစိတ်ကြည့်လိုက်မိ၏။ခဏအတွင်းမှာပဲ ရုပ်ရည်နဲ့ပတ်သက်ပြီးဘယ်တုန်းကမှမသိမ်ငယ်ဖူးခဲ့တဲ့ဆွေးဟာကိုယ့်ကိုယ်ကိုယ် ပထမဆုံးအကြိမ်သူနဲ့နှိုင်းယှဉ်ပြီးသိမ်ငယ်သွားခဲ့မိသည်။

ရှင့်ကို ချစ်တယ်Where stories live. Discover now