အပိုင်း(၃)

1.1K 103 4
                                    

"မေမေ သမီးကန်စွန်းရွက်ကြော်တွေအကုန်စားလိုက်တော့မယ်နော်"

"အေးအေး..စားလိုက်သမီး"

ဆွေးကကန်စွန်းရွက်ကြော်ဆိုသိပ်ကြိုက်ပါသည်။ဒါကြောင့်မို့ ကန်စွန်းရွက်ကြော်တဲ့နေ့ဆို ဆွေးစားပစ်တာနဲ့ကုန်တာများသည်။

"လရိပ်ရေ..မေမေ ဈေးထဲခဏသွားဦးမယ်...အိမ်ကနေဘယ်မှမသွားနဲ့နော်"

"ဟုတ်ကဲ့ မသွားပါဘူး"

***

"တို့ကိုလည်းကျွေးပါဦး"

"အဟွတ်..အဟွတ်"

"ဖြေးဖြေးစားပါ"

သူတကယ်ကြီးရောက်လာတာပဲလား။ဒါဆို ဟိုနေ့တုန်းက‌ပြောခဲ့တာ အပြောတင်မဟုတ်ဘူးပဲ။

မေမေထွက်သွားပြီးရောက်လာတာဆိုတော့ မေမေနဲ့တွေ့ခဲ့တာဖြစ်မည်။မဟုတ်ရင် အိမ်ထဲဝင်လာလို့ရစရာအကြောင်းမှမရှိတာ။

"စားနေလိုက်တာ ကလေးလေးကျနေရော"

ရှက်လိုက်တာဆိုတာလေ။သူနဲ့တွေ့လိုက်တိုင်းဆွေးမှာ အမြဲတမ်းပေစုတ်စုတ်နဲ့ချည်းပါပဲ။သူကတော့အမြဲကျော့မော့လှပနေခဲ့တာ။

အခုလည်းထမင်းတွေပလုတ်ပလောင်းစားနေတုန်းသူနဲ့မှတွေ့ပြန်သည်။တကယ်တော့ဆွေးအပြစ်ရယ်ပါ။အရင်နေ့တွေကမီးဖိုချောင်ထဲမှာပဲစားနေကျကိုဒီနေ့မှလွန်ကြူးပြီးအိမ်ထဲမှာဝင်စားမိတာ။အခုတော့ရုပ်ပျက်ဆင်းပျက်ကိုဖြစ်လို့။

"မမဆီလာတာလား...မမကမရှိသေးဘူး..အပြင်ခဏသွားတယ်"

"တို့ကိုမျှော်တဲ့သူဆီလာတာပါ"

"ကျွန်မကတော့ ရှင့်ကိုမမျှော်ဘူးနော်"

"မင်းကတို့ကိုမျှော်နေပါတယ်လို့လည်း မပြောမိပါဘူး"

ဒီတစ်ခါတော့ဆွေးအမှားပါ။သူစကားပြောကျွမ်းကျင်တာကို‌မေ့သွားမိသည်။ဆွေးကိုရည်ရွယ်ပြောမှန်းသိလို့ပြောလိုက်ပေမဲ့ သူကကျွမ်းကျင်စွာငြင်းလိုက်တာတော့ ဆွေးလည်းမတတ်နိုင်ဖြစ်ရသည်။

'ရှင်ဟာလေ အမြင်ကပ်စရာကောင်းလိုက်တာ'

"စားဦးလေ...ထမင်းတွေကိုအများကြီးရှိသေးတာကို"

ရှင့်ကို ချစ်တယ်Onde as histórias ganham vida. Descobre agora