အပိုင်း(၁၃)

1.1K 106 12
                                    

"ကျွန်မ ရှင့်ကိုတစ်ခုလောက်မေးလို့ရမလားဟင်"

သူကရွှင်ပြသောမျက်နှာလေးဖြင့်ကြည့်လာ၏။မျက်လုံးလေးများကိုတစ်ချက်ကစားလိုက်သေး၏။
သဘောက 'မေး'ဆိုသည့်ပုံစံဖြင့်။

"ရှင် တစ်ကယ်ပဲစိတ်ညှို့တတ်သလား"

သူကအံ့ဩဟန်လေးပြ၏။

"ဪ..ဆွေးရယ်..တို့ကိုတကယ်ပဲညှို့တတ်တယ်ထင်နေတာလား"

"ရှင်ညှို့တတ်တယ်မဟုတ်ဘူးလား"

သူက ဟက်ခနဲရယ်၏။

"မင်းမလည်းလူကဲခတ်မတတ်လိုက်ပုံများ..တို့ပြောတာကိုတကယ်ထင်နေခဲ့တာလား"

"တကယ်မဟုတ်ဘူးလား"

"ဘယ်လိုတကယ်ဟုတ်ပါ့မလဲ..တို့ကလျှောက်ပြောခဲ့တာ"

"ဘာရှင့်"

"အို..လန့်လိုက်တာ.."

ဆွေးအော်လိုက်တာနည်းနည်းတော့ ကျယ်သွားသည်ထင်၏။သူ့ကိုယ်လေးကိုအနည်းငယ်နောက်ဆုတ်သွား၏။

"ကျွန်မကိုညာပြောခဲ့တာပေါ့လေ"

"ညာပြောတယ်တော့ဘယ်ဟုတ်မလဲ.…တို့က မင်းဆီကအတန်းရှင်းလေးလိုချင်မိရုံလေးကို..မင်းဆီကစိတ်ဝင်စားမှုခံချင်ခဲ့မိရုံလေးပါ"

"ဪ..ကျွန်မကတော့ တကယ်ထင်နေခဲ့တာ"

"အဲ့လောက်မထင်မကြီးစမ်းပါနဲ့ကောင်မလေးရဲ့..တို့ကကျန်တာဘာမှမတတ်ဘူးသိရဲ့လား..ချစ်ပဲချစ်တတ်တာ"

"မယုံပါဘူး...ရှင် ကျွန်မကိုညှို့ထားတာမလား"

ဆွေးသူ့ကိုစလိုက်ခြင်းသာဖြစ်၏။သူလည်း စတာကိုသဘောက်ပေါက်တယ်ထင်၏။သူပါလိုက်ရယ်နေသည်။

" ရှင့်မျက်လုံးတွေကိုကျွန်မရင်မဆိုင်ရဲသေးဘူးသိရဲ့လား...ရှင့်မျက်လုံးတွေမှာဆွဲငင်အားပါနေတယ်..ကြာကြာကြည့်မိရင် ကျွန်မအတွက်မလွယ်လောက်ဘူး"

"ဘယ်လိုမလွယ်မှာလဲ"

ရုတ်တရက်တိုးကပ်လာတဲ့ မျက်နှာနဲ့အတူ သူ့လက်တစ်ဖက်က ဆွေးရဲ့မေးဖျားကိုကိုင်ထား၏။သူ့မျက်လုံးများက ညှို့နေသယောင်ရှိကာ ရီဝေဝေဖြစ်နေသည်။

ရှင့်ကို ချစ်တယ်Where stories live. Discover now