အပိုင်း(၅)

1K 89 4
                                    

သူအိမ်ကိုမလာတာ၃ရက်တောင်ရှိခဲ့ပြီ။ဆွေးမှာ မမျှော်ချင်ပေမဲ့မျှော်နေမိခဲ့တာ။တကယ်ဆို သူစိမ်းတစ်‌ယောက်ကို ကိုယ့်အိမ်ကိုနေ့တိုင်းလာဖို့မ‌မျှော်သင့်ဘူးမလား။
ဘယ်သူစိမ်းကမှလည်း နေ့စဉ်ရက်ဆက်ကြီး သူများအိမ်ကိုလာလည်လိမ့်မည်မဟုတ်ပါ။ဒါကိုသိရက်နဲ့ ‌ဆွေးမျှော်နေမိခဲ့သည်။သူစိမ်း‌တွေနဲ့ စကားပြောရမှာကြောက်တဲ့ဆွေး၊သူစိမ်းတွေနဲ့ရင်းနှီးရမှာကြောက်တဲ့ဆွေး၊အခုတော့ သူ့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုနေမိသည်။
ဘာမှမပြောပလောက်တဲ့တွေ့ဆုံမှုလေးတစ်ခုအတွင်းမှာပဲ ဆွေးရဲ့စိတ်တွေကိုသူပိုင်စိုးသွားခဲ့ပြီ။

'တော်ပါတယ်...ရှင်ရယ်....'

'အချိန်ခဏလေးအတွင်းမှာတင် ကျွန်မစိတ်တွေကိုစိုးမိုးထားနိုင်တဲ့ရှင်က တကယ်တော်ပါတယ်'

'ကျွန်မလေ ရှင့်ဆီကနေရုန်းမရတော့ဘူးထင်ပါရဲ့'

"လရိပ်ရေ..ညီမလေး"

ဆွေးအတွေးလွန်နေခိုက်မှာပဲ အောက်ထပ်မှမမဆီကအသံထွက်လာသည်။ ဆွေးအတတ်နိုင်ဆုံး ကိုယ့်အခန်းလေးထဲမှာပဲ ကိုယ်နေသည်။မမဆီကိုအထည်အပ်လာတဲ့သူကများလွန်းတာကြောင့် ကိုယ့်အိမ်မှာကိုယ်တောင်မလွတ်လပ်လှပါ။လူအများကြီးနှင့်လည်း မတွေ့ချင်မဆုံချင်ပါ။အခုလည်း ဆွေးကိုခေါ်ကာဘာတွေခိုင်းဦးမလဲမသိပြန်ပါ။

"ဘာလဲမမရာ"

ဆွေးလေးပင်စွာပင်အသံပြုလိုက်သည်။တစ်ခုခုခိုင်းချင်ရင်တောင် ဆွေးအသံကြောင့် မခိုင်းဖြစ်စေရန်ဖြစ်သည်။

"အောက်ကိုခဏဆင်းခဲ့ဦး"

"လာပြီ"

ဆွေးအလိုမကျစွာမျက်နှာစူပုတ်လျက် ဆင်းလာလိုက်သည်။ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်မိပါ။

"ဘာခိုင်းမလို့လဲမမ"

"ဆွေး"

"ရှင်"

'ရှင်'ဆိုတာ သူ့ကိုခေါ်လိုက်တာပါ။သူ့ကိုအခုလိုတွေ့လိုက်ရမယ်လို့ ထင်မှတ်မထားမိတာကြောင့် အံ့ဩသွားတဲ့အသံတစ်ချို့ရောသွား၏။သူကလိုက်ကာ အကွယ်ကလေးကနေ ဟိုတစ်နေ့ကမှ ဆွေးနဲ့အတူသွားဝယ်ထားတဲ့ နီညိုရောင်ဝမ်းဆက်ကလေးကိုဝတ်ထား၏။ ဆွေးသူ့အလှမှာပါ မင်သက်သွားရပြန်သည်။

ရှင့်ကို ချစ်တယ်Where stories live. Discover now