(၄)

4.8K 550 99
                                    

ထားမေနှင့် အဆန်းသည် ဘေးချင်းယှဉ်လျက် ဈေးမှ ကြက်ဥများ ဝယ်ကာ ပြန်လာခဲ့လေသည်။

ပြန်လာသည့် လမ်းတစ်လျှောက်တွင်လည်း မထားမေသည် အစောက မိန်းကလေးကြောင့် ကြက်ဥများ ကျကွဲသွားသည့်အကြောင်းကို မကျေမနပ်ဖြစ်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်လျက်ရှိသည်။ အဆန်းကတော့ ထားမေပြောသမျှ နားထောင်ရင်း တစ်ခွန်းမှ ဝင်မပြောမိပါချေ။ သူတို့နှစ်ယောက်တွင် ထားမေက စကားသိပ်ပြောသည်။ အဆန်းကတော့ ထားမေပြောသမျှ ခေါင်းညိတ်ကာ နားထောင်ပေးရသူ။ ငယ်ငယ်ကတည်းက ထိုသို့ဖြစ်ခဲ့ရပါ၏။

ထားမေတစ်ယောက် အိမ်နှင့် အဆင်မပြေလျှင်လည်း အဆန်းဆီ ရောက်လာတတ်သည်။ သူ့သူငယ်ချင်းများနှင့် အဆင်မပြေလျှင်လည်း အဆန်းဆီ ရောက်လာတတ်သည်။ ပြီးလျှင်တော့ မကျေနပ်ချက်များကို မနားစတမ်းပြောတတ်သည်။ ထားမေပြောသမျှ မကျေနပ်ချက်များကို နားထောင်ရင်းဖြင့် အဆန်းမှာ ထားမေ၏ မိဘများကိုလည်း စိတ်ဆိုးခဲ့ရဖူးသေးသည်။ မောင့်ကိုလည်း မုန်းခဲ့ရသေးသည်။ သူ့သူငယ်ချင်းမလေးများကိုလည်း လမ်းမှာတွေ့လျှင် မျက်နှာကြောတင်းပစ်ရသေးသည်။ အဆန်းကို လွှမ်းမိုးနိုင်လွန်းတဲ့ ထားမေပါပဲ။

ပြီးလျှင်တော့ အဆန်းကို သိပ်ကျေးဇူးတင်ကြောင်း ပြောတတ်သေးသည်လေ။ အခုအခါမှာလည်း ထားမေသည် အဆန်းအား ကြက်ဥဖိုး ငွေလေးဆယ် စိုက်ပေး၍ ကျေးဇူးတင်မဆုံး ဖြစ်လျက်ရှိသည်။

"အဆန်းဟာ ထားမေအပေါ် သိပ်ကောင်းပေးတာပဲ"

ရုတ်တရက် ထားမေက ထိုသို့ ပြောလိုက်သည့်အခါ အဆန်း၏ ခြေလှမ်းကလေးများ မှားသွားသယောင်။ မျက်ဝန်းလေးများက စက္ကန့်အနည်းငယ်မျှ ပြုံးသွားကြသယောင်။

"ထားမေတစ်ယောက်ဟာ အထူးအဆန်းတွေ သိပ်ပြောတာပဲ"

ထားမေက ယှဉ်လျက် လမ်းလျှောက်နေရင်းမှ အဆန်း၏ အရှေ့သို့ ခြေတစ်လှမ်း ကြောလျှောက်လိုက်ကာ အဆန်းရှေ့၌ ကာ၍ ရပ်လိုက်သည်။

ပြီးနောက် အဆန်း၏ မျက်ဝန်းများအား စူးစိုက်၍ ကြည့်လိုက်‌သည်။ ပြီးနောက် အဆန်း၏မျက်နှာအား လက်ညှိုးကလေး ထိုးကာ အမှုစစ်နေဟန်ဖြင့် ဆိုလေသည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Όπου ζουν οι ιστορίες. Ανακάλυψε τώρα