(၁၃)

3.7K 454 88
                                    

အမေဟူသည့် စကားလုံး နှစ်လုံးသည် မည်မျှနွေးထွေးမှု ပေးနိုင်သည်ကို မြတင့်သည် အခြားသူများထက်ပို၍ သိပါ၏။ သူ ငယ်စဉ်အခါကတည်းက သူ၏ ထူးဆန်းသော ဝတ်စားဆင်ယင်ချင်မှုကြောင့် မိဘများထံမှ စွန့်ပစ်ခြင်း ခံခဲ့ရသည်လေ။

မိန်းမအဝတ်အစားများကို နှစ်သက်မိရုံမျှနှင့်၊ မျက်နှာချေနှင့် နှုတ်ခမ်းနီ ကြိုက်တတ်ရုံမျှနှင့် သူ့မိဘများမှ သူ့အား စွန့်ပစ်လိုက်ပါရန် အကြောင်းပြချက်တို့သည် လုံလောက်ခဲ့ပါသည်တဲ့လား။

ဖေဖေ့အစ်မ ကြီးမေသောင်းသာ မရှိခဲ့ဘူးဆိုလျှင်ရော ဖေဖေတို့မေမေတို့ဟာ မြကို တစ်ယောက်တည်း ထားပစ်ခဲ့ကြမှာလား။ ဖေဖေမခေါ်လည်း မေမေကတော့ မြကို ပစ်မသွားလောက်ဘူးမလား။ ကြီးမေသောင်းနဲ့ စိတ်ချလို့ရတာမို့ ထားသွားတာပဲ ဖြစ်မှာပါ။

ရထားလက်မှတ်သွားဝယ်သည့် မြတ်သိန်း၏ ပြန်အလာကို စောင့်ရသည်မှာ မြတင့်တစ်ယောက် အတော်ပင် လည်ပင်းရှည်လျက်ရှိ၏။ လက်မှတ်မှ ရပါ့မလားဟူ၍လည်း မြတင့်သည် ပူပန်၍နေပါ၏။ သူ ဟော်နန်းကို မြန်နိုင်သမျှ မြန်မြန် သွားချင်နေတော့၏။

ပြန်လည်ရှင်သန်လာသည်နှင့် ချက်ချင်း မေမေ့ဆီ သွားခဲ့သင့်တာကို မေ့လျော့နေခဲ့မိသည့် အဖြစ်ကြောင့် မြတင့်သည် ကိုယ့်ကိုကိုယ် မုန်းတီးနေမိ၏။

ကိုယ့်အရေးကိစ္စ၊ ကိုယ့်သောကတွေကို ရှေ့တန်းတင်ရင်းဖြင့် မိမိ၏ မွေးသမိခင်ကိုမှ မေ့ခဲ့ရလေခြင်း။ မေမေဟာ မြတင့်ကို ဘယ်လိုပဲ ပစ်ထားခဲ့ပါစေဦးတော့၊ ဘယ်လိုပဲ မြတင့်၏ ဒဏ်ရာများ အနာတရများကို မမြင်ဟန်ဆောင်ထားခဲ့ပါစေဦးတော့ မြတင့်ကတော့ မုန်းတီးလျက်ကပင် မမေ့ပျောက်နိုင်ဖြစ်၍ ချစ်ရပါ၏။ ချစ်နေရပါ၏။

ပစ်ထားခဲ့ပါစေဦးတော့၊ ဘယ်လိုပဲ မြတင့်၏ ဒဏ်ရာများ အနာတရများကို မမြင်ဟန်ဆောင်ထားခဲ့ပါစေဦးတော့ မြတင့်ကတော့ မုန်းတီးလျက်ကပင် မမေ့ပျောက်နိုင်ဖြစ်၍ ချစ်ရပါ၏။ ချစ်နေရပါ၏။

ထိုအခိုက်၌ ကြီးမေသောင်းသည် ဧည့်ခန်းထဲသို့ လာ၍ မြတင့်အနီး၌ ဝင်ထိုင်ပါ၏။ ပြီးနောက် မြတင့်၏ ပုခုံးကိုလည်း အသာအယာ ထိကိုင်လိုက်ပါသေးသည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now