(၆)

5.7K 595 76
                                    

လူတစ်ယောက်ကို နက်ရှိုင်းစွာ ချစ်မိသွားသူတို့၏ အသည်းနှလုံးသည် ဘယ်သောအခါမျှ အကောင်းတိုင်း မကျန်ခဲ့နိုင်ပါ။ ချုပ်ရိုးအထပ်ထပ်နှင့် နာရကျင်ရစမြဲပင်ဖြစ်ရ၏။

လူတစ်ယောက်အား ကိုယ့်ကိုကိုယ်ထပ်ပင် ပို၍ ချစ်မိသွားခြင်းသည် အရှုံးမျှသာဖြစ်ရ၏။

ချစ်မိသွားသည့်အခါ ကာကွယ်ပေးချင်လာသည်။ သူ့အတွက် တိုက်ခိုက်ပေးချင်လာသည်။ ကိုယ့်ကိုကိုယ်တောင် ချစ်ပေးဖို့ မေ့လျော့သွားသည်အထိ ပေးဆပ်ဖို့ အသင့်ဖြစ်နေတတ်လေသည်။

မြတင့်သည် မောင့်အား ထိုသို့ ချစ်ခဲ့မိ၊ ချစ်နေဆဲပင် ဖြစ်ရလေသည်။

လွန်းမောင်ကို ချစ်ပေးနေရင်းဖြင့် မြတင့်သည် ကိုယ့်ကိုကိုယ် ချစ်ရမည်ကိုပင် မေ့လျော့နေခဲ့မိသည်။

မြတင့်မှာ လွန်းမောင်အား မချစ်ချင်တော့ပါ။ အနာတရများပြားလွန်းလှသည့် ဤအချစ်အား မြတင့်သည် စိတ်ကုန်၍ နေသည်။

သို့ရာတွင် မြတင့်၏ နှလုံးသားငယ်သည် မြတင့်၏ဦးနှောက်အား အလိုမလိုက်ခဲ့ပါချေ။

ယခင်ဘဝ မြတင့် သေဆုံးကာနီးတွင်လည်း လွန်းမောင်သည် သူ၏ အနားတွင် ရှိမနေခဲ့ပါချေ။ ထိုအချိန်တုန်းက မြတင့်သည် မောင့်လက်ဖဝါးနုနုအား ဆုပ်ကိုင်ထားချင်ခဲ့မိပါသည်။

သို့သော်လည်း မြတင့်သည် သူ မသေဆုံးခင်အချိန်ကလေးမှာတောင် မောင့်မျက်နှာနုနုအား ထိတွေ့ခွင့်မဆိုထားနှင့်၊ မြင်တွေ့ခွင့်ကလေးပင် မရရှိခဲ့ရပါ။

ယခုဘဝ ပြန်လည်ရှင်သန်လာပြီးသည့်အချိန်တွင်လည်း မြတင့်သည် လွန်းမောင်နှင့်ပတ်သက်သည့် မည်သည့်အစအနကလေးကိုမှ သိရှိခွင့်၊ ထိတွေ့ခွင့် မရခဲ့‌သေးပါချေ။

လွန်းမောင်သည် မြတင့် ပစ်မချရက်‌ဘဲ နာကျင်စွာ ဖက်တွယ်ထားမိသည့် ချစ်ခြင်းမေတ္တာကလေးပင် ဖြစ်ရပါ၏။

‌မြတင့်သည် ဤသို့ အတွေးလွန်ပစ်လိုက်ပါသေးသည်။

မြရဲ့ နှင်းဆီကလေးကို ခူးသွားသူဟာ မောင်ဖြစ်နေရင် ဘယ်လောက်ကောင်းမလဲဟူ၍ပင်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now