Part-2

339 58 5
                                    

အဲ့လိုနဲ့ ဂင်မင်ဂယူရဲ့ first kiss ကလေးသည် Devil Trioအဖွဲ့ခေါင်းဆောင် ယွန်းဂျောင်ဟန်ဆီသို့  ပါသွားရလေတော့သည်။ ဖျတ်ခနဲ စက္ကန့်ပိုင်းမျှလောက်သာ ကြာသောအနမ်းဖြစ်တာကြောင့် ချိုသည်၊ခါးသည်၊ ငန်သည်၊ ပေါ့သည် ဘာမှမသိလိုက်ရ။ မင်ဂယူသေချာပေါက်မှတ်မိနေတာကြီးကတော့ စီနီယာချွဲဆီက "ငါလိုး..."ဆိုတဲ့ ရေရွတ်သံကြီးကိုပဲ။

"ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ကြမလဲ။ ကျောင်းပြောင်းရတော့မှာလား။ ဟမ်။ ဂင်မင်ဂယူ။ ငါတို့ဘယ်လို လုပ်ကြမလဲလို့။"

စိတ်ညစ်ရတဲ့အထဲ ဘေးကနေ သွေးပျက်မတတ် အော်ဟစ်နေတဲ့ ဆော့မင်ကြောင့် မင်ဂယူစိတ် လေလာရသည်။

"ဘာလို့ပြောင်းရမှာလဲ။သူတို့ကအထက်တန်းနောက်ဆုံးနှစ်မလား။ ငါတို့နောက်ထပ် သုံးလေးလလောက် သည်းခံလိုက်ရင်ရပြီ။"

ဆော့မင်သည် သူ့မျက်လုံးသေးသေးလေးများကို ပြူးလျက် ကြည့်လာသည်။ ဟေ့ကောင်...ဂင်မင်ဂယူ ..မင်းသိပ်သတ္တိရှိနေပါလားဆိုတဲ့ အကြည့်မျိူးနဲ့။ မတတ်နိုင်ပါ။ ယွန်းဂျောင်ဟန် စိတ်မမှန်ဘူးဆိုတာ မင်ဂယူမသိမဟုတ် သိသည်။ ဘယ်ကျောင်းလူဆိုးခေါင်းဆောင်ကများ victim ကိုအာဘွားပေးတဲ့ နည်းနဲ့ နှိပ်စက်လို့လဲ။

ဒါပေမဲ့မင်ဂယူမှာကမိဘနှစ်ပါးလုံးမရှိတော့။ အဘိုးအဘွားတွေက ဒီထက်နယ်ကျတဲ့မြို့ကလေးဆီကဖြစ်ပြီး အသက်အရွယ်လည်း ရလာပြီမို့ မင်ဂယူ့ကိုသေချာမထောက်ပံ့နိုင်တော့။ အဲ့လိုနဲ့ အဒေါ်အပျိုကြီးလည်း ကူဖော်လောင်ဖက်ရ၊ မင်ဂယူလည်း ပညာရေးအထောက်အပံ့ရအောင်
ဒီမြို့လေးကိုလွှတ်လိုက်ခြင်းဖြစ်သည်။

အဒေါ်ကတော့သဘောကောင်းရှာပါသည်။ မင်ဂယူ့ကိုချစ်လည်းချစ်သည်။ သို့သော် မင်ဂယူကိုဘယ်လောက်ပဲချစ်တဲ့ အဒေါ်ဖြစ်နေပါစေ သူ့အိမ်မှာကပ်နေရချိန် ကျောင်းပြောင်းတဲ့ကိစ္စဖြင့် မင်ဂယူအပူမကပ်ချင်။ အဲ့တော့ ယွန်းဂျောင်ဟန်ကို ကြောက်ဖို့ထက် ပိုပြီးငဲ့ညာစရာလေးတွေက မင်ဂယူ့မှာရှိနေသည်။

"ဒါပေမဲ့ အဲ့သုံးလေးလကို တောင့်ခံနိုင်ဦးမှလေ။ ငါတော့ သေချင်တာပဲ။"

100_Days of being in loveWhere stories live. Discover now