Part-10

254 51 2
                                    

"အာညာစယော။"

"အာညာစယော။ စီနီယာဟုန်း။"

ဂျီဆူးကိုပြန်နှုတ်ဆက်တဲ့ကောင်မလေးနှစ်ယောက်သည် ဂျီဆူးထွက်သွားသည်နှင့် ခေါင်းနှစ်လုံးကပူးကပ်သွားကြသည်။ ဂျီဆူးကတော့ ခပ်ပြုံးပြုံးနှင့်ပင်အိတ်ကလေးကိုလွယ်ရင်း ရှေ့သို့ဆက်လာခဲ့ကာ ကိုယ့်ကိုနှုတ်ဆက်တဲ့သူတွေကိုအပြန်အလှန် ခေါင်းလေးညိတ်ကာ အသိအမှတ်ပြုဖြစ်သည်။ ထိုသို့ဂျီဆူးနှုတ်ဆက်တာခံရတဲ့သူတွေအကုန်လုံးရဲ့ မျက်နှာကတော့ အံ့သြဖွယ်ဖြစ်ရပ်ကြီးကိုချက်ချင်းလက်ငင်းကြုံလိုက်ရတဲ့အလား။

ဂျီဆူးကိုမြင်တာနဲ့လန့်ပြီးရှောင်ပြေးတဲ့ကောင်လေးကတော့ လှေကားခွင်ခြေရင်းမှာတင်မှောက်လျက်လဲသည်။ ဂျီဆူးသည်ချက်ချင်းပင်အောက်သို့ ပြန်ပြေးဆင်းပြီးထူပေးလိုက်လေသည်။

"ဖြည်းဖြည်းသွားမှပေါ့။ ဘယ်နားနာသွားသေးလဲဟင်။"

Devil Trioအဖွဲ့ဝင် ဟုန်းဂျီဆူးရဲ့ရှားရှားပါးပါးအပြုံးလှလှလေးကို မြင်လိုက်ရတဲ့ ထိုကျောင်းသားလေးမှာ အံ့သြလို့ ပါးစပ်တောင်မပိတ်နိုင်။ ထူပေးတဲ့အပြင်ကိုခြေထောက်နာသွားတာမို့ ဂျီဆူးကအဲ့ကျောင်းသားကို ဆေးပေးခန်းထိပါ လိုက်ပို့လိုက်သေးသည်။ အဲ့လိုနဲ့ တမနက်တည်းနဲ့တင် ဟုန်းဂျီဆူးသတင်းက တစ်ကျောင်းလုံးပြန့်သွားလေသည်။

"မဟုတ်သေးဘူးနော်။ စီနီယာဟုန်းနည်းနည်းထူးဆန်းနေသလိုပဲ။"

ဒါပေါ့။ ဟုန်းဂျီဆူးရင်ဘတ်ထဲမှာ မနေ့ကတည်းက ပန်းတွေကတောက်လျှောက်ကို ပွင့်နေတာလေ။ ခုချိန်က တလောကလုံးကိုအကောင်းမြင်တယ်။ စိတ်ကြည်နေတယ်။ မနေ့ကအကြောင်းက ခေါင်းထဲကို ဖျတ်ခနဲဝင်လာရင်ကို ဂျီဆူးမျက်နှာကပျားရည်အိုးထဲ ထည့်နှစ်ခံလိုက်ရသလိုပဲ။ ပထမဆုံး အနမ်းက အိမ်သာမှာမို့ သိပ်တော့ Romantic မဆန်ဘူးပေါ့။ ဒါပေမဲ့ Romantic ဆန်တယ်မဆန်ဘူးက ဘာအရေးလဲ။ အဓိကက နမ်းရဖို့ဖြစ်တဲ့အပြင် အဲ့နမ်းတာကလည်း သူ့ဘက်ကစနေတာဖြစ်နေတာပဲ။ နမ်းပြီးသွားတော့လည်း ဂျီဆူးကိုသူကမေးနေသေးတာ။ စီနီယာစိတ်မဆိုးတော့ဘူးမဟုတ်လားတဲ့။ အား!!!ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ကောင်လေးလဲလို့။

100_Days of being in loveWaar verhalen tot leven komen. Ontdek het nu