Two

141 21 3
                                    

Uni

 "ရေချိုးရတာ အဆင်ပြေရဲ့လား ကလေးလေး"

"ပြေပါတယ် mom"

16 နှစ်အရွယ်ကောင်လေးက ကလေးလေးလို့ထင်ရလောက်အောင် နူးညံ့ပြီး သေးသေးကွေးကွေးပဲရှိသေးသည်။ သူ ၁၈ နှစ်လောက်ရောက်ရင်တော့ သူများတကာလို ထွားလာမလားမပြောတတ်။ 

"ဒီနယ်ဘက်က ရေတွေက ဆားတွေပါတယ်။ ပင်လယ်နဲ့အရမ်းနီးတာကို။ မေမေက မင်းနေသားမကျမှာပဲစိုးနေတာ"

Lena က သူ့သား၏ တဘက်စိုကို အဝတ်တန်းမှာ လှမ်းလိုက်ရင်း ပြောလာသည်။ Owen လေးကတော့ သူ့အမေပြောတာကို နားထောင်ရင်း ဝရန်တာလက်ရန်းမှ အုတ်ထူထူကြီးများကို သူ့လက်နှင့်ကုပ်ကပ်ကာ ဘာတွေစဉ်းစားနေသည်မသိ။ 

"Mom ဟိုးဘက်မှာ ဘာတွေရှိမလဲဟင်"

Lena က သူ့သားညွှန်ပြသည့်နေရာကို ရပ်ကြည့်လိုက်သည်။ ညအချိန်မလို့ Treora မြို့ကောင်းကင်က ကြယ်တွေနှင့်ပြည့်နေသည်။ အုတ်အထူကြီးများနှင့်ဆောက်လုပ်ထားသော လူနေအိမ်အထပ်ထပ်များအလွန်တွင် နေဗီပြာရောင်ရင့်ရင့်ဖြင့် ငြိမ်သက်နေကြသော တောအုပ်ရှိသည်။ ထိုအလွန်မှာ ဘာရှိလဲ Lena သိသည်။

"ပင်လယ်လေ"

"တကယ်လား"

Owen တက်ကြွသွားသည်။ သူ့အဖေက စစ်သားတစ်ယောက်မလို့ နေရာအမျိုးမျိုးပြောင်းနေခဲ့ရပေမဲ့ တောင်းကုန်းဒေသတွေပဲများခဲ့သည်။ သူ့ဘဝမှာ ပင်လယ်ကို တစ်ခါမှမတွေ့ဖူးသေး။

"တို့တွေ ပင်လယ်ကို သွားလည်မှာလားဟင်"

Owen အသံက ခပ်တိုးတိုး။ သူ၏ နူးညံ့သော မျက်နှာနှင့် ကြယ်ကဲ့သို့ မျက်လုံးများကိုကြည့်ကာ Lena မငြင်းနိုင်ပါပေ။

"မင်းအဖေ မသွားခိုင်းရင်တောင် ငါတို့တိတ်တိတ်လေး သွားကြတာပေါ့ ဟုတ်ပြီလား"

"အင်း အင်း"

Owen က ခေါင်းတဆတ်ဆတ်ညိတ်သည်။ ညသည် လူခြေတိတ်ပြီဖြစ်၏။ Lena က Owen ကို အိပ်ရာထဲပို့လိုက်ပြီး ရေနံဆီမီးခွက်နားမှာထိုင်ကာ သက်ပြင်းချလိုက်သည်။ သူ့ဂါဝန်သည် မကြာခဏဝတ်ဆင်ခြင်းကြောင့် ညစ်ထေးကာ ပြဲစုတ်လုမတတ်ရှိ၏။ သူ့လက်ထဲမှာတော့ ဒီညအတွက် ချုပ်စရာ အထည်တွေ။

Not YouWhere stories live. Discover now