Four

116 20 3
                                    

Uni

ဒီနေ့မနက်ခင်းသည် သုသာန်တစလိုပင် တိတ်ဆိတ်နေသည်။ ကောင်းကင်သည် ပြာစင်နေပြီး တိမ်တစ်မျှင်တောင်မရှိ။ ဂရီဗာက သူ့အလုပ်ခန်းအဝမှာ မတ်တပ်ရပ်နေသည်။ ဆေးအဆီနံ့နှင့် ဘာမှန်းမသိသော ညှီစို့စို့အနံ့မှာ အခန်းတစ်ခုလုံးအနှံ့ ပျံ့လျက်။ 

တံခါးဝနှင့် ခန္ဓာကိုယ်ကိုတိုက်ကာ ပွတ်သပ်နေသော အမွှေးထူ မကောင်းဆိုးဝါးအား သူကြည့်လိုက်သည်။ ဒီလိုပဲ ကောင်းမလား။ ဒီနည်းက ကောင်းပါ့မလား။

သူ့စိတ်ထဲ ဒီနည်းလမ်းက ကလေးဆန်နေသည်ဟု ခံစားရသည်။ အလုပ်ခန်းမျက်နှာကျက်ဆီ အကြည့်ပို့မိတော့ စွပ်ပြုတ်ကျိုတဲ့ ဒန်အိုးထဲမှာ ဒရယ်ရိုးတွေကျန်နေသေးသည်။ ညှီစို့စို့အနံ့က ထိုနေရာမှ လာခြင်း။

သွေးစိမ်ထားတဲ့ ဒရယ်ရိုးရယ်၊ မကောင်းဆိုးဝါးတစ်ကောင်ရယ်၊ ပင်လယ်ရေ‌ရယ်ဆို ဘယ်လိုအရာမျိုး ဖန်တီးလို့ရတာမျိုးလဲ။ ဂရီဗာ့ အာရုံတွေထွေပြားသွားကာ သူထိုင်နေကျ ထိုင်ခုံမှာ မြန်မြန်ဆန်ဆန် ဝင်ထိုင်လိုက်သည်။ စားပွဲခုံပေါ်မှ အရုပ်ဆိုးလှသည့် စာအုပ်ထူများကြား သဲနာရီတစ်ခုရှိနေသည်။ ထိုသဲနာရီက သူ့ကို နေ့စဉ်ရက်ဆက် စိတ်ဒုက္ခပေးနေသူတစ်ဦး၏ သက်တမ်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရရင် သူ့ရဲ့ကျိန်စာက အဲ့ဒီသဲတွေအကုန်ကျတဲ့အခါ အသက်ဝင်လာမှာဖြစ်သည်။

ခက်တာက ကျဉ်းမြောင်းလှသော သဲနာရီလမ်းကြောင်းထဲမှ သဲတစ်မှုန်မှ ကျဆင်းလာခြင်းမရှိပေ။ အံကြိတ်လိုက်သောအခါ ဂရီဗာ့မေးရိုးက တင်းခနဲဖြစ်သွားသည်။ ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ကိုတောင် မသတ်နိုင်တဲ့ ပညာရှင်မျိုး ဘယ်မှာရှိလို့လဲ။

သူ့ကိုတောင် နားလည်မပေးနိုင်ဘဲ၊ သူ့ဒုက္ခတွေကိုတောင် ထိတွေ့သိရှိမပေးနိုင်ဘဲနဲ့ ဘာကိုကြင်ရာဖက်လဲ။

အတွေးတစ်ခုက ဂရီဗာ့ခေါင်းထဲ ဖျတ်ခနဲလက်သွားသည်။ ဒီကမ္ဘာပေါ်က ကလေးတွေအကုန် ချစ်ခံရဖို့ ထိုက်တန်တယ်ဆိုရင် သူ့အဖြစ်အပျက်က ခြွင်းချက်တစ်ခုလား။ သူတောင် ခံစားခဲ့ရသေးတာပဲ။ တစ်ပုံစံတည်းတူတဲ့ကိစ္စမျိုး သူများတွေလည်း မခံစားရသင့်ဘူးလား။ အထူးသဖြင့် သူ့ ကြင်ရာလောင်းဆိုတဲ့ တစ်ယောက်ပေါ့

Not YouWhere stories live. Discover now