"liming!!!!"
ငါ ကန်တင်းမှာ ထိုင်နေတုန်း အောက်ငုံ့ပြီး ကုပ်ကုပ်လေး လမ်းလျှောက်နေတဲ့ liming အား ခေါ်လိုက်သည်။
ငါ ဖုန်းပြောပြီးလို့ ပြန်လာတဲ့အခါ liming ကို
မတွေ့တာကြောင့် ငါ လိုက်ရှာခဲ့တာခေါင်းမီးတောက်မတတ်ပဲ
ဘယ်များ ထွက်သွားခဲ့လဲပေါ့
အခုတော့ တွေ့ပါပြီ...
ကျောင်းဝတ်စုံက အနည်းငယ် ညစ်ပေနေတာကြောင့် ငါ စိတ်ပူမိသည်..
အမြဲကိုင်ထားတတ်တဲ့ ဖန်ရေကြည်ဘူး အပြာလေးအား မတွေ့တော့ ငါ့စိတ်တွေက နုန်းချိချိ...
ငါ့ စိတ်တွေဟာ ထိန်းမရတော့ ငါ ခေါ်တာကို မကြားပဲ လောကကြီးနဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်နေတာကြောင့် အနောက်မှ လိုက်ကာ လက်ဖဝါးေလးအား လှမ်းဆွဲလိုက်သည်။
"အာ့!!!"
ငါ ဘာကိုမှ မကြား..ဘာမှ အာရုံမစိုက်နိုင်ဘဲ တွေဝေဝေ လမ်းလျှောက်နေတုန်း ဆွဲကိုင်လာတဲ့ လက်ကြောင့် အာ့ခနဲ အသံပြုကာ ရုန်းလိုက်ပြီး နောက်လှည့်ကြည့်မိတော့ heart!!!
"Heart ~~~"
ငါ့ ဘက်ကို လှည့်လာတဲ့ liming ဟာ စိတ်နှလုံး ချုံးချုံးကျနေတဲ့ ပုံစံ
ဘယ်လိုများ ဖြစ်ခဲ့ရသလဲ liming ရယ်...
မျက်နှာနဲ့ ခန္ဓာကိုယ်ပိုင်းဟာလည်း ဒဏ်ရာတွေ ညိုမဲလို့ ဖူးယောင်လို့...
အသား ဖြူတဲ့ ကောင်လေးမို့ နည်းနည်းလေး ထိတာနဲ့ နီသွားတဲ့ အသားလေးဟာ နုဖက်သည်
လက်လေးအား ထပ်မံ ဆွဲယူပြီး ကြည့်တော့
ဖန်ကွဲစ အရာတွေနဲ့ သွေးစို့နေတာကြောက့် လက်ဖဝါး တစ်ခုလုံး နီရဲနေသည်"ဘယ်လို ဖြစ်တာလဲ liming!!! ဘယ်ကောင် လုပ်ခဲ့တာလဲဟမ် ပြောပါအုံးလို့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ငါ မခံစားနိုင်လို့ပါ"
ငါ ပုခုံးလေးကို ဖြေးဖြေးလေး လှုပ်ခါကာ ဆွဲယမ်းလိုက်တော့
"အဆင်ပြေပါတယ် heart ~~ ဟိုဘက်နားကို သွားရအောင် ငါ့ ဖုန်းကိုလည်း ပေးအုံး ယူထားလို့ မရဘူးလေ ဟက်!!!"
![](https://img.wattpad.com/cover/364747776-288-k119981.jpg)
YOU ARE READING
Shouldn't be more than friend level( ongoing)
Fanfictionငါတို့တွေက အမြဲသူငယ်ချင်းတွေ ဒီအဆင့်ထက်မပိုသင့်ဘူး!!!!!