"သား ပြန်ရောက်လာပြီလား"
ငါ အိမ်ထဲကို ခြေတစ်လှမ်းဝင်လိုက်တာနဲ့ အိမ်ကို ဖုန်သုတ်နေတဲ့ အိမ်တော်ထိန်း ချွိုင်ဟာ မေးလာတာကြောင့်...
ငါ ပြုံးပြလိုက်ပြီး ခေါင်းအသာ ငြိမ့်ပြလိုက်သည်...
ငါ့ လက်မှာလည်း အင်ကျီ အထုတ်တွေ ဆွဲထားတာမို့ အိမ်တော်ထိန်းချွိုင်ဟာ လာကူသည်..
"ရတယ် ရတယ်...ကျွန်တော့ ဘာသာ ဆွဲသွားလိုက်မယ်နော်..."
ငါ ထိုသို့ ငြင်းလိုက်ပြီး ပြုံးပြလိုက်သည်...
အိမ်တော်ထိန်း ချွိုင်ဟာ ခေါင်းအသာရမ်းရင်း mae စီသို့ သွားပြီး ကူညီသည်...
ငါ လှေကား တက်လိုက်ပြီး ငါ့ အခန်းစီသို့ ဦးတည်လိုက်သည်....
ငါ့ အခန်းထဲသို့ ဝင်သွားလိုက်ပြီး အထုတ်တွေ ချကာ ကုတင်ပေါ် လှဲချလိုက်သည်...
ငါ မျက်နှာကျက် အပြာနုလေးကို ကြည့်နေလိုက်သည်....
Heart က ကျောင်းသွားတာမို့ ငါ့ကို လိုက်မပို့နိုင်ခြင်း...
ငါ မနေ့က စကားတွေကို ပြန်ကာ ကြားယောင်မိတော့ ခုန်လာတဲ့ နှလုံးသားနဲ့အတူ
မျက်ရည်တစ်စက်ဟာ မျက်စိထောင့်မှ စီးကျသွားသည်....ငါ အရှိန်နဲ့ ထထိုင်လိုက်ပြီး ငါ့ရဲ့ စာရေးစားပွဲ အပြာနုနုလေးစီသို့ သွားလိုက်သည်...
သစ်သားခုံအပြာေလးမှာ ထိုင်ချလိုက်ပြီး...
စာအုပ်လေး တစ်အုပ်ကို လှမ်းယူလိုက်သည်...
ဒိုင်ယာရီ စာအုပ်....
ငါ ဘောပင်လေးကို တစ်ချက်ဆွဲယူလိုက်ပြီး...
စာ အချို့ရေးထားလိုက်သည်...
ငါ့ရဲ့ ဒိုင်ယာရီပေါ့...
ရေးလို့ ပြီးတာနဲ့ စာအုပ်လေးကို သေတ္တာအသေးလေးထဲ ထည့်ကာ သော့ခတ်ထားလိုက်သည်...
ရေပတ်ဝတ်ပဲ တိုက်ထားရလို့ ငါ့ ခန္ဓာကိုယ်ဟာ နုန်းချိချိ...
သဘတ်တစ်ထည် ပြေးယူလိုက်ပြီး ရေချိုးခန်းထဲသို့ပင် ဦးတည်လိုက်သည်...
YOU ARE READING
Shouldn't be more than friend level( ongoing)
Fanfictionငါတို့တွေက အမြဲသူငယ်ချင်းတွေ ဒီအဆင့်ထက်မပိုသင့်ဘူး!!!!!