ထိုင်း စံတော်ချိန် နေ့လည် ၁၂ နာရီ
အင်း..ပါးရဲ့ ဈာပန အခမ်းအနား...
ငါ အသက်မပါသလို ဟန်ဆောင်အပြုံးနဲ့ ရောက်လာသူတိုင်းကို လိုက်ဧည့်ခံနေသည်။
အနက်ရောင် ဝတ်စုံတွေ..
ငါ ကိုယ်တိုင်လည်း ဝတ်ထားခဲ့ရပါတယ်...
အနက်ရောင် ရှပ်အင်ကျီနဲ့ စတိုင်ပန် ဘောင်းဘီအနက်ရောင် ဝတ်စုံကို ငါဟာ ဝတ်ထားခဲ့ရပါသည်..
အတန်းဖော်...အင်း.. phuwinဆိုတဲ့ ငါ့ဘေးက စာဂျပိုးလေး လာခဲ့ပါတယ်....
Heart ကတော့ ငါနဲ့ အတူ လိုက်ကူတာပေါ့....
ပါးးရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိတ်မကောင်းကြောင်း mae နဲ့ ပြောနေကြတယ်...
Nong front ကတော့ မိန်းကလေး ပီပီ စကားဖောင်ဖွဲ့ နေကြတာပေါ့...
"Liming ~~ ငါ တကယ် စိတ်မကောင်းပါဘူး"
ငါ့အား နှစ်သိမ့်အကြည့်တို့ဖြင့် ကြည့်ကာ ပြောလာသူက phuwin....
"အဆင်ပြေပါတယ် phuwin မင်း အရှေ့ခုံမှာ ထိုင်နေလေ ငါ အအေးယူလာခဲ့ပေးမယ်"
ငါ ထိုသို့ ပြောတော့ phuwin ဟာ ခေါင်းတစ်ချက် ညိတ်ပြီး သွားထိုင်နေသည်...
"Liming ~~~"
နောက်တစ်ယောက်..
ငါ အအေးဗန်းလေးအား ကိုင်ပြီး ခေါင်းလေးကို လှည့်ကြည့်တော့....
"အကိုကြီး taynew... "
ငါ့အား ခေါ်လာသူဟာ အကိုကြီးတို့...
သတင်းကြားလို့ လာခဲ့တာနဲ့ တူပါရဲ့...
" အဆင်ပြေရဲ့လားး ငါတို့ တကယ် စိတ်မကောင်းပါဘူး အန်တီကော"
"ဟိုဘက်နားမှာ စကားပြောနေကြတယ် အကိုကြီး ပါးးရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မက်တပ် မရပ်နေပါနဲ့ဗျ ထိုင်ခုံမှာ ထိုင်နေနော် ကျနော် အအေး လာချပေးမယ်"
"အကိုကြီးတို့ ကူညီပေးမယ်လေ"
လက်မောင်းအား ဖွဖွကလေး ဆွဲကိုင်ကာ ပြောလာသူကြောင့် မျက်စသာ ပစ်ပြလိုက်ရသည်...
YOU ARE READING
Shouldn't be more than friend level( ongoing)
Fanfictionငါတို့တွေက အမြဲသူငယ်ချင်းတွေ ဒီအဆင့်ထက်မပိုသင့်ဘူး!!!!!