part-7

60 8 2
                                    

"အားး!!!!"

"ဟမ်??"

ငါ မှေးကနဲ ဖြစ်သွားတုန်း liming ရဲ့ အော်သံကြောင့် လန့်နိုးလာမိသည်...

ချွေးစီးတို့ အပြည့်နှင့် ကုတင်ပေါ် ထထိုင်နေတဲ့ liminig ကို ငါ လန့်သွားမိသည်...

"Heart ~~~"

ငါ့ကို အံ့ဩစွာ ကြည့်နေပြီး လေသံတိုးတိုးဖြင့် ခေါ်လာတဲ့ liming ရဲ့ အနားသို့ အပြေးသွားမိသည်....

"ဘာဖြစ်သလဲဟင် ခေါင်းကိုက်နေတာလား ငါ ဆရာဝန် ခေါ်ပေးမယ်နော်"

ငါ ဆရာဝန်ခေါ်တဲ့ ဘဲလေးကို တီးလိုက်ပြီး ကုတင်ပေါ် ထိုင်ကာ မေးနေမိသည်...

"အိပ်မက်ဆိုး....ငယ်ငယ်တည်းက မက်လာတဲ့ အိပ်မက်..."

ငါ ထိုသို့ တုန်လှုပ်စွာ ပြောမိပြီး heart ကို ဖက်ထားလိုက်သည်...

"အိပ်မက်ဆိုး???"

ငါ ထပ်မေးဖို့ ပြင်ချိန်မှာပဲ တင်းကျပ်စွာ ဖက်လာတဲ့ liminig ကြောင့် ငြိမ်သက်စွာ နေလိုက်ပြီး ကျောပြင်လေးကို စိတ်ပြေလို့ ပြေငြား ဖွဖွ‌ေလးပွတ်သပ်ပေးနေလိုက်သည်...

ဂျောက်ခ်!!!

တံခါးဖွင့်သံနဲ့ အတူဝင်လာတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ....

"ဆရာဝန်တွေ ရောက်လာပြီ liming ငါ့ကို လွှတ်အုံးနော်် ငါ ရှိတယ်နော်"

ငါ ထိုသို့ ပြောလိုက်တော့ ငါ့ကို ဖက်ထားတဲ့ လက်တွေဟာ ပြေလျော့သွားသည်....

"အကိုကြီး tay ကို ခေါ်ပေးနိုင်မလား"

ငါ ထိုသို့ ပြောလိုက်ပြီး heart ကို ကြည့်လိုက်သည်...

ငါ မမေးဖို့ ဆုံးဖြတ်ထားတဲ့ အရာ...

ဒီနေ့တော့ ငါမေးမှ ဖြစ်မယ်...

အကိုကြီး tay သိကို သိမှာ...

ငါ မက်တဲ့ အိပ်မက်ထဲမှာ heart နဲ့ တူတဲ့ ကောင်လေးက Gemini တဲ့...

သေချာပေါက် ဒီအိပ်မက်က ငါတို့နဲ့ ဆက်စပ်နေမှာ...

ဆရာဝန်နဲ့ သူနာပြု အကူဟာ ငါ့ကို စစ်ဆေးပေးနေသည်...

ထိုင်စောင့်နေတဲ့ heart ဟာ အကိုကြီး tay ကို ‌ဖုန်းခေါ်နေသည်...

ငါ စစ်ဆေးခံပြီးတဲ့အခါ ကုတင်ပေါ်မှ လဲလျောင်းလိုက်သည်...

Shouldn't be more than friend level( ongoing)Where stories live. Discover now