"3344ဆိုတာ You are only mine အကိုကဟွန်းရဲ့အပိုင်ပဲဖြစ်ရမယ်လို့ဆိုလိုတာ..."
။။။
အရမ်းကိုချောမောပြီးနို့နှစ်အသားအရေကိုပိုင်ဆိုင်ထားရကာ အရာအားလုံးပြည့်စုံတဲ့ပတ်ဆောင်ဟွန်းကအနုပညာအပိုင်းမှာဝါသနာပါခဲ့ပြီး အဆိုတော်နဲ့မော်ဒယ်လ်ဖြစ်ဖို့အတွက်အမြဲတမ်းအိပ်မက်မက်ခဲ့သူတစ်ယောက်ပေါ့...။
လူများရင်လည်းစိတ်ရှုပ်တတ်ပြီး ဘဝကိုလွတ်လွတ်လပ်လပ်နဲ့ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းခဲ့ကာ စကားအရမ်းများတဲ့သူဆိုလည်းမမှားဘူးပေါ့၊ငယ်ငယ်လေးကတည်းကမိဘနှစ်ပါးဆုံးပါးသွားတာကြောင့် သူ့ဘဝသူကျောင်းလာခဲ့ရသူလည်းဖြစ်တာပေါ့...။
အရမ်းလည်းဉာဏ်ကောင်းပြီးတစ်ခုခုဆိုအချိန်တိုအတွင်းမှတ်မိနိုင်တာကြောင့်
အေဂျင်စီတိုင်းကလည်းသူတို့ကုမ္ပဏီဝင်ဖို့အတွက်ခနခနကမ်းလှမ်းခဲ့ပေမဲ့
ဆောင်းဟွန်းကအမြဲတမ်းငြင်းပယ်ခဲ့ကာ သူ့စိတ်ထဲထူးခြားအောင်လုပ်ပေးနိုင်တဲ့ကုမ္ပဏီနဲ့ပဲအလုပ်တွဲလုပ်ဖို့ဆုံးဖြတ်ချက်ချထားခဲ့တယ်...။။။။
ကျောင်းသစ်ပထမဦးဆုံးကျောင်းတက်ရက်လေးမှာ ဆောင်းဟွန်းတစ်ယောက်အရမ်းတက်ကြွနေခဲ့တယ်...။
"ကျောင်းအသစ်လေးတက်ရမှာမို့လို့လား
မသိ" ဆိုပြီးမှန်ထဲကြည့်ပြီးပြုံးလိုက်ကာ
ငခူအပြုံးဖြစ်နေတော့သူ့ကိုယ်သူလန့်သွား၍သက်ပြင်းချလိုက်တာပေါ့...။"ဒီလောက်ရုပ်ဆိုးတာကို ဘာလို့ချောတယ်ပြောနေကြတာလဲ?" ဆိုပြီးလွယ်အိတ်ယူလိုက်ကာကျောင်းကိုလမ်းလျှောက်သွားလေရဲ့...။
သွားတဲ့လမ်းတစ်လျှောက်မှာလည်း သေနေတဲ့ပန်းလေးတွေ၊ညိုးနေတဲ့ပန်းလေးတွေကအစလန်းဆန်းပွင့်လန်းလာပြီး အိမ်နီးနားချင်းတွေကလည်းသူ့ကိုမြင်တာနဲ့
"ဟေ့အချောလေး ကျောင်းသွားပြီလား?"
"သွားပြီအန်တီ"