နောက်တစ်နေ့ကျောင်းပိတ်ရက်ရောက်တော့ ဆောင်းဟွန်းတစ်ယောက်ဟီဆွန်းရဲ့စတူဒီယိုကိုညနေလောက်မှာသွားခဲ့ပြီး စတူဒီယိုကဝင်လိုက်တာနဲ့အေးစက်နေတာပေါ့...။
ဟီဆွန်းကဆောင်းဟွန်းကုတ်ချောင်ချောင်နဲ့လိုက်ရှာနေတာကိုမြင်သွားပြီး
"ညီ"
"အော်အကို?"
"ဝင်ခဲ့လေ" ဆိုပြီးပြောတော့ဆောင်းဟွန်းလည်းဝင်လာခဲ့တော့တယ်...။
"အေးလိုက်တာစတူဒီယိုက"
"ဟုတ်တယ်အကို့စတူဒီယိုကအေးတယ် အကိုလည်းမပြောလိုက်ရဘူးအားနာလိုက်တာ"
"မဟုတ်တာရပါတယ်ဗျ" ဆိုပြီးခုံမှာထိုင်လိုက်ပြီး
"ရုပ်ရှင်ကားတွေထဲပဲမြင်ဖူးတာအခုမှပဲအပြင်မှာမြင်ဖူးတော့တယ်"
"ဘယ်သူမှမရှိတာမို့လွတ်လွတ်လပ်လပ်သာနေ"
"ဟုတ်ကဲ့အကို"
"ဒါနဲ့အကိုသီချင်းအသစ်တစ်ပုဒ်ရေးထားတာကြည့်ကြည့်" ဆိုပြီးခုံကိုဆောင်းဟွန်းနားတိုးလိုက်ကာဆောင်းဟွန်းကိုသူရေးထားတာပြလိုက်တာပေါ့...။
"ဝါးးးကောင်းလိုက်တာ"
"တကယ်လားဟင်?"
"ဟုတ်တယ်အကို သီချင်းကအနှစ်သာရရှိတယ် အွန်းးးဘယ်လိုပြောရမလဲ?ခေါင်းစဉ်နဲ့အရမ်းလိုက်ဖက်တယ် ဒါပေမဲ့အကိုအချစ်ဆိုတဲ့အရာကိုခံစားဖူးရင်ပိုပြီးသီချင်းကကောင်းသွားလိမ့်မယ်"
"ဟုတ်လား?"
"ရုပ်ရှင်ကားတွေထဲမှာလိုလေ အချစ်ဆိုတဲ့အရာကိုသေချာခံစားဖူးရင်သီချင်းတွေကပိုအသက်ဝင်တယ်ဆိုတာ"
"အော်"
"အကိုကျွန်တော်သီချင်းဆိုကြည့်မယ်ရလား?"
"ရတယ်လေ ဝင်သွားလိုက်"
"ကျေးဇူးပါ" ဆိုပြီးအထဲကိုဝင်သွားပြီး လုံးဝအပီအပြင်ဆိုတော့မယ့်ပုံစံဖမ်းကာ ပြီးလည်းပြီးကောတိုက်တန်းနစ်သီချင်းကိုအသံဆိုးနဲ့ထဆိုတော့တယ်...။