နောက်တစ်နေ့လည်းရောက်ကော
ဆောင်းဟွန်းတစ်ယောက်ထပ်နောက်ကျပြီး ထပ်ကံကောင်းသွားကာ"ဘယ်လိုတောင်ကံကောင်းတာလဲ?" ဆိုပြီးသူအဝင်တံခါးကလည်းအပိတ်ပေါ့...။
ကျောင်းထဲကိုဝင်သွားမို့လုပ်လိုက်တဲ့
ဆောင်းဟွန်းခြေလှမ်းတွေက ရင်းနှီးနေတဲ့အသက်ရှူသံကြောင့်ရပ်တန့်သွားခဲ့ပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ဟီဆွန်းဖြစ်နေခဲ့တယ်...။"အကို?ကျောင်းနောက်ကျတာလား?"
"အော် တစ်ခါမှမဖြစ်ဖူးပဲနဲ့" ဆိုပြီးပြန်ဖြေတော့ဆောင်းဟွန်းလည်းဟိုဘက်ဒီဘက်ကိုလှမ်းကြည့်လိုက်ပြီး
"အကိုဒီတံခါးပေါ်တက််ခဲ့လိုက် ဒီဘက်ရောက်ရင်ကျွန်တော်ကူမယ်"
"အော်" ဆိုပြီးဆောင်းဟွန်းပြောတဲ့အတိုင်းသူလည်းတံခါးပေါ်တက်လိုက်တာပေါ့...။
"ကျွန်တော်အောက်မှာလက်ခံထားပေးတယ် ခုန်ချလိုက်"
"ရပါ့မလား?"
"ရတယ်ဗျ ကျွန်တော်ကအားရှိတယ်ယုံလိုက်"
"ဒါပေမဲ့"
"အကိုမြန်မြန်လုပ်"
"အော်အော်" ဆိုပြီးခုန်ဖို့ပြင်လိုက်၍
"ခုန်ပြီနော်"
"ယုံပါအကို" ဆိုပြီးပြောတော့ဟီဆွန်းလည်းဆောင်းဟွန်းကိုယုံကြည်ပြီးမျက်လုံးမှိတ်ကာခုန်ချလိုက်တော့တယ်...။
ဟီဆွန်းလည်းဖြေးဖြေးချင်းမျက်လုံးဖွင့်ကြည့်လိုက်ကောမျက်နှာတွေနီးနေကြပြီး ဟီဆွန်းလက်ကဆောင်းဟွန်းပခုံးပေါ်မှာရောက်နေခဲ့၍ ဆောင်းဟွန်းကဟီဆွန်းကိုချီထားသလိုမျိုးဖြစ်နေခဲ့တာပေါ့...။
နှစ်ယောက်လုံးလည်းရင်ခုန်သံတွေမြန်ဆန်နေကာ လေပြင်းလေညှင်းများကလည်းတိုက်ခိုက်နေခဲ့တယ်...။
ဟီဆွန်းလည်းအောက်ကိုဆင်းလိုက်ပြီး ဆောင်းဟွန်းကိုအားနာသွားကာ
"ရရဲ့လား?အကိုခန္ဓာကိုယ်ကကြီးတယ် နာသွားလားဟင်?ညာဘက်လက်တွေဘာတွေထိသွားလား?စာရေးလို့ရပါတော့မလား?"