Part-5(Last part🤍)

103 5 12
                                    

ဟီဆွန်းအဖေကတစ်နေ့ကျတော့ဆောင်းဟွန်းဆီဖုန်းခေါ်ခဲ့ပြီး

"ဟယ်လို"

"ဟယ်လို‌ကျောင်းသားလေး? congratulations"

"ဗျာ?"

"အော်မသိသေးဘူးလား?ကျောင်းသားလေး‌ကြော်ငြာအခု1Mပြည့်သွားပြီ အသားဖြူဆေးတွေလည်းအကုန်ကုန်ပြီ"

"ဟုတ်လားဗျ?"

"ဟုတ်တာပေါ့ ပြီးတော့အသားဖြူဆေးTMကုမ္ပဏီကလည်းမင်းကိုဂုဏ်ပြုလက်ဆောင်လာပေးလိမ့်မယ် အဲ့ဒါမင်းကိုဂုဏ်ပြုပွဲလေးလည်းလုပ်ပေးချင်လို့ မနက်ဖြန်ညနေ၆နာရီကျလိုက်မယ်မလား?"

"လိုက်ခဲ့မှာပေါ့ဗျ အခုလိုမျိုးကြားရတာတကယ်ဝမ်းသာမိတယ် ကျေးဇူးအများကြီးတင်ပါတယ်"

"မင်းကြိုးစားမှုတွေကြောင့်သာအခုလိုမျိုးအောင်မြင်မှုမျိုးရတာပါ ဦးတောင်ဘာမှလုပ်ပေးစရာသိပ်မလိုသွားဘူး"

"ကျေးဇူးပါအခုလိုမျိုးချီးမွမ်းပေးလို့"

"အဲ့ဆိုလာကြိုလိုက်မယ်လေနော့်နောက်ကျရင်တော့မော်ဒယ်လ်အကြီးစား‌ဖြစ်တော့မှာဆိုတော့ အားတော့မှာမဟုတ်ဘူးလေနော့်"

"ဦးကလည်း"

"ဒါဆိုဒါပဲနော်အဲ့ဒါလှမ်းဖုန်းဆက်တာ"

"ဟုတ်ကဲ့ဗျ" ဆိုပြီးဖုန်းချလိုက်တော့တယ်...။

နောက်တစ်နေ့ညနေရောက်တော့ ဆောင်းဟွန်းတစ်‌ယောက်TMအသားဖြူဆေးကုမ္ပဏီကလက်ဆောင်ရတဲ့အင်္ကျီလေးကိုဝတ်ခဲ့ပြီး အရမ်းကိုမှလင်းလက်တောက်ပ၍အသားရောင်နဲ့အလွန်လိုက်ဖက်နေခဲ့တာပေါ့...။

"ဘာကြီးလဲ?သရဲကြီးကျနေတာပဲ" ဆိုပြီးထုံးစံအတိုင်းသူ့ကိုယ်သူဝေဖန်ကဲ့ရဲ့ချိန် ဟီဆွန်းအဖေကအိမ်ရှေ့ကိုရောက်လာတော့တယ်...။

ဆောင်းဟွန်းလည်းသေချာပြင်ဆင်ပြီးအောက်ကိုဆင်းသွား၍ ဟီဆွန်းအဖေကဆောင်းဟွန်းကြည့်ကာသဘောတွေကျနေတာပေါ့...။

"လိုက်သားပဲ လက်ဆောင်ရတဲ့အဝတ်အစားလေးနဲ့မင်းကိုTMကုမ္ပဏီကလက်‌ဆောင်ထပ်ပေးဥိးမှာတဲ့ဦးလည်းလက်ဆောင်ပေးဦးမှာ"

My One & Only Wednesday⭐ ✓ || Milkcarrot 🥛🥕Where stories live. Discover now