အပိုင်း(၂၈) [Unicode]

1.7K 40 0
                                        

ဦးမြိုင်၏ အိပ်ခန်းတံခါးချပ်ကို သိုက်ဂုဏ်စိန် ဆွဲဖွင့်လိုက်သည်..။ ဤအခေါက်တော့ ဖုန်များ ကင်းကင်းစင်စင် မရှိသော်လည်း မလာခင်ကတည်းက ဆေးထိုးခဲ့သည့်အတွက် အနီအဖုအပိန့်များ မထွက်တော့ပါ..။

ကြီးစိန်မှာခဲ့သည်က ကုတင်အောက်တွင် ကျွန်းသေတ္တာငယ်လေး တစ်ခုရှိသည်တဲ့..။ သိုက်ဂုဏ်စိန်လည်း ကုတင်နားသွားပြီး ဒူးထောက်ကာ ကုတင်အောက်ကို မီးထိုးကြည့်လေသည်..။ ဒေါင့်စွန်းနားလေးမှာ ဖုန်ထူထူထပ်နေသည့် သေတ္တာငယ်လေး တစ်လုံးတွေ့လိုက်သည်..။ လက်ဖြင့် လှမ်းယူလိုက်ကာ ဒူးထောက်ပြီး ကုန်းနေရာမှ ထလိုက်သည်..။

‌သော့ခလောက်အတွက် သော့ချောင်းလေး မရှိသည့်အတွက် သေတ္တာကို တူနှင့်ထုရသည်..။ သော့ပျက်သွားသည့်အခါတွင် စိတ်လှုပ်ရှားမှုနှင့်အတူ သေတ္တာကို ဖွင့်လိုက်သည်..။ သေတ္တာထဲ ထွေထွေထူးထူးဟု ဆိုနိုင်သည့် အရာများမရှိပါလေ..။ စာအုပ်တစ်အုပ်သာရှိ၏..။

စာအုပ်အဖုံးပေါ် ကပ်နေသည့် ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်ပြီး ပထမဆုံး စာမျက်နှာကို စဖွင့်သည်..။ ထိုအဘွားရဲ့ နေရပ်လိပ်စာကို ရေးမှတ်ထားသည်..။ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ကာ သေချာဖတ်သည်..။ ငွေနှောင်းရဲ့ ကံကြမ္မာအကြောင်းကို ဦးမြိုင် သေချာမှတ်သားရေးထည့်ထားသည်ကို တွေ့ရ၏..။

နောက်ဆုံးကို ရောက်သည့်အခါ အဖြဲခံထားရသည့် စာရွက်သား အပိုင်းအစ နည်းနည်းလေးကိုသာ တွေ့လိုက်ရသည်..။ သိုက်ဂုဏ်စိန် မျက်ခုံးကျုံ့သွားပြီး ထိတ်လန့်စိုးရိမ်သွားလေသည်..။

"နောက်ဆုံး စာမျက်နှာကို ဘယ်သူဖြဲသွားတာလဲ.."

************

"မြ ဘာလို့ ဇီးသီးထန်းညှက်တွေ အဲ့လောက်အများကြီး ဝယ်လာတာလဲ"

"ကြီးစိန်နဲ့ ငယ်လေးက ကြိုက်လို့လေ ၊ မြို့ပေါ်က ရောင်းတဲ့ ဇီးသီးထန်းညှက်က ဒို့ရွာလောက်မှ မကောင်းတာ ၊ ဟုတ်တယ်မလား.."

မြသည် ထိုသို့ပြောရင်း ငွေနှောင်းကို မျက်ခုံးကိုပါ ပင့်ပြလိုက်သေးသည်..။

"ဟုတ်တယ် ဟုတ်တယ်"

"ဘေဘီအတွက်က ကတ္တီပါဖိနပ်ပါလာတယ် ၊ မြနဲ့ ဆင်တူလေး"

ငွေသွားရာ ကိုယ်လိုက်မယ် (Completed)Donde viven las historias. Descúbrelo ahora