အပိုင်း-၂

133 15 0
                                    

ပလောင်နယ်ထဲရှိအိမ်အများစုသည်​ခြေတံရှည်နှစ်ထပ်အိမ်ကြီးတွေဖြစ်ကြသည်။သစ်ပင်
ပန်းမန်ပေါင်းစုံ၊သီးပင်စားပင်တို့နဲ့တောင်တန်းအသွယ်
သွယ်တို့ဟာတောသဘာဝ တောအလှကိုပို၍ပေါ်လွင်
စေသည်။ပလောင်နယ်ထဲရှိလူအများစုသည်ပအိုဝ်းလူ
မျိူးများဖြစ်ကြသည်။ဖြူဖွေးသည့်အသားအရည်တို့
နဲ့ချောမောသောရုပ်ရည်များရှိကြသည်။သူတို့နယ်ကို
ဆရာလေးလာမည်ဖြစ်သောကြောင့်ဆရာလေးနား
လည်ရန်အတွက်ဗမာစကားကိုအတတ်နိုင်ဆုံးပြော
​ဆိုကြမည်။

ခွန်းထယ်တယောက်ရွာထဲကိုဝင်လာတော့အကုန်လုံး
ကသူ့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။အထူးသ
ဖြင့်ကလေးတွေ။သူ့ရဲ့နားကြားထဲကနှင်းဆီပန်းကို
ယူဖို့လုပ်တိုင်းနယ်စားမင်းရဲ့အကြည့်စူးစူးကိုခံရတာ
ကြောင့်မကိုင်ရဲ။

စဝ်ဦးယံတို့လူငယ်တသိုက်ဆရာလေးကိုကြိုဖို့သွား
ချိန်မှာတော့နယ်စားမင်းကြိုလာတာကြောင့်ခပ်လှမ်း
လှမ်းကနေအထုပ်အပိုးတွေဆွဲ၍ပြန်လာကြသည်။

"ဟဲ့..ဆရာ​လေးကမင်းသားရှုံးအောင်ချောတာတော့"

"ဟုတ်ပါ့ဟယ်..ချောလိုက်တာများတခါမှမမြင်ဖူး
ဘူး..သမက်တောင်တော်ချင်လာပြီဟယ်"

"ဒါနဲ့ ဆရာလေးနားကြားကနှင်းဆီပန်းကနယ်စားမင်း
မနက်ကကိုင်သွားတဲ့ပန်းမလား"

"အေးဟုတ်တယ်နော်..တောင်တောင်ဘယ်သူမှမပေး
တာ..အခုနားကြားထဲတောင်ပန်ထားတယ်ဆိုတော့
တခုခုတော့တခုခုပဲ"

ခွန်းထယ်သူ့အဒေါ်အိမ်ဆီကိုဝင်လာခဲ့သည်။အိမ်အဝ
မှာတော့ဒေါ်လေးကစောင့်ကြိုလို့နေသည်။

"အမယ်လေး..ငါ့တူလေးကချောလိုက်တာတော်
ငယ်ငယ်တုန်းကလို့နှာချေးတွဲလောင်းလေးမဟုတ်
တော့ဘူး"

ငယ်ကြိုးငယ်နာတွေဖော်နေသောဒေါ်လေးကြောင့်
အနည်းငယ်ရှက်သွားသည်။အနောက်မှာရပ်နေသည့်
နယ်စားမင်းကလည်းနှာခေါင်းရှုံံ့ပြီးရယ်နေတာများ။

ဧကရာဇ်ဂျွန်တယောက်ဒေါ်ကြီးခင်ဆီမှာဒီလောက်
ချောတဲ့တူရှိမှန်းမသိခဲ့..အဲ့လိုမှန်းသိရင်အစကတည်း
ကဖားခဲ့ပါတယ်။ယခုမှာလည်းအရှက်သည်းနေသော
ဆရာလေးကိုအသည်းယားစိတ်တွေကတဖွားဖွား။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now