အပိုင်း-၆

90 13 3
                                    

ဒီနေ့သူတို့ပလောင်နယ်ထဲရှိလူတွေအားလုံးအလုပ်ရှုပ်နေကြသည်။သံလွင်မြစ်ထဲကနေမျောပါလာသော
ဒိုက်စုဒိုက်ပုံများသည် သူတို့နယ်ထဲရှိဆင်မလှချောင်း
လေးထဲတွင်အစုလိုက်အပြုံလိုက်တည်ရှိလို့နေသည်။
ရွာထဲရှိ ကလေးလူကြီးယောက်ျားသားတို့အကုန်
ပျော်ပျော်ပါးပါးလုပ်အားပေးကြသလို နယ်စားမင်း
ကိုယ်တိုင်ပါ လုပ်အားပေးလို့နေသည်။

ဂျိုင်းပြုတ်အမဲကိုဝတ်ထားတာကြောင့်ဖြူဖွေးနေ
သောလက်မောင်းကြွက်သားကြီးများနဲ့ဆေးမှင်ကြောင်တို့က အထင်းသား။ပုဆိုးကိုခါးတောင်းကျိူက်ထား
ပြီး မျက်ခုံးမွှေးကိုကျုံံ့ကာဂေါ်ပြားတခုနဲ့မျောလာ
သောဒိုက်တွေကို စနစ်တကျဆယ်ယူလို့နေသည်။
ထိုသူဟာ နယ်စားမင်းတဖြစ်လဲ စိုင်းဧကရာဇ်ဂျွန်
ဖြစ်ပါသည်။

ဒီကနေ့ဟာ ကျောင်းပိတ်ရက်လည်းဖြစ်တာကြောင့်
ကလေးတွေဟာ ဆင်မလှချောင်းထဲမှာအများအပြား။
ဟိုတစု ဒီတစုနှင့်ကလေးသူငယ်များဟာလည်းဝိုင်း
လုပ်ပေးကြသည်။

"ခွန်းထယ်ရေ..မင်းညီဆီကို ထမင်းချိူင့်လေးသွား
ပို့ပေးပါအုံး.."

မန်ကျည်းပင်အောက်က ကွပ်ပျစ်လေးပေါ်မှာစာထိုင်
ဖတ်နေသောခွန်းထယ်သည် ဒေါ်လေး၏ခိုင်းစေမှု
ကြောင့်စာအုပ်ကိုအသာအယာချပြီး အင်ကျီတို့ကို
သပ်သပ်ရပ်ရပ်ပြင်ကာ ထမင်းချိူင့်ကိုဆွဲရင်း
ထွက်လာပါတော့တယ်။

ဧပရယ်ကုန်ပြီး မေကိုဝင်လာတာကြောင့်မိုးနံံ့လေးက
ရချင်သည်။မိုးကအုံံ့နေပင်မဲ့ မရွာသေးပါ။
လေတချက်ဝှေ့တိုင်းသူ့ရဲ့ဆံနွယ်တွေဟာ နဖူးကနေ
ဝဲပျံသွားပါတော့တယ်။လေထဲကနေရသည့် တရုတ်
စကားပန်းရနံံ့တွေ၊ချယ်ရီပန်းရနံံ့တွေနဲ့ပန်းပေါင်းစုံ
ရနံံ့တို့က သူ့၏စိတ်ကလေးကိုကြည်လင်စေပါသည်။

ပန်းတွေအကြောင်းတွေးမိတော့ မဆီမဆိုင်တွေးမိ
သည်ကနယ်စားမင်းကြီး နေ့တိုင်းလာပေးသည့်စက္ကူ
ပန်းကလေးတွေကိုပါပင်။အနီရောင်၊ပန်းနုရောင်နဲ့
အဖြူရောင်စက္ကူပန်းကလေးများသည် ခြံစည်းရိုး
တွင်မနက်တိုင်း မနက်စာနဲ့အတူချိတ်ဆွဲပေးလေ့ရှိ
သည်။မနက်စာကိုလည်း တနေ့တမျိူးမရိုးရလေ
အောင် လာလာချိတ်ပေးတတ်သည်။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now