အပိုင်း-၅

77 15 1
                                    

ညအချိန်အခါဖြစ်တာကြောင့်ဘေးပတ်ဝန်းကျင်တွင်
ပုရစ်အော်သံ၊ဖားမြည်သံတွေနဲ့ညအကောင်ပလောင်
တို့ကဆူညံနေတော့သည်။တချက်တချက်လေတိုက်
လို့ရှိရင်အပင်တွေတရှဲရှဲမြည်နေပုံက တစ္ဆေတွေအော်
မြည်နေသည့်အလား။

အနည်းငယ်ပူတာကြောင့်ပြတင်းပေါက်ကိုဖွင့်ပြီး
မနက်ဖြန်သင်မည့်စာတွေအတွက်ကြိုကြည့်နေမိ
သည်။ဝါကျင်ကျင်မီးအိမ်ကလေးနဲ့အခါးရည်တခွက်
ခေါပုတ်တို့ကသူ့ကိုမပျင်းရလေအောင်အဖော်ပြုပေး
သည်။အောက်ထပ်မှာတော့ဒေါ်လေးတို့မိသားစုက
ရုပ်ရှင်ကားတကားကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနေကြ
သည်။

အခါးရည်ကလေးသောက်လိုက်၊ခေါပုတ်ကလေးစား
လိုက်နဲ့တကယ့်ကိုဇိမ်ပါပဲ။ရောက်တော့တပတ်လောက်ရှိပင်မဲ့လည်းနှံံ့နှံံ့စပ်စပ်
ဘယ်မျှမရောက်ဖူးသေး..ကြားထဲအလုပ်ရှုပ်နေတာ
မို့လို့ဖြစ်မည်။ကလေးတွေကျောင်းပိတ်ရက်ကျရင်
တောင်ကြီးမြို့အနှံံ့ကိုလျှောက်လည်မည်ဟုတွေးထား
မိပါ၏။

"ဟေ့ကောင်..စိုင်းဧကရာဇ်..ညနေကျရင်လူပျိုလှည့်
ဖို့လိုက်ဦးမလား.."

"နေစမ်းပါဦး..မင်းကဘယ်သူ့ကို လှည့်မလို့လဲ"

"ဟား..ဟား..ဒီကောင် ဒေါ်ကြီးခင်တို့အိမ်ဘေးက
နန်းမော်ဆိုင်းကိုကြိုက်နေတာကွ"

"ညိုမင်းမော် ပြောတာဟုတ်သလား စိုင်းအံံ့ထူး.."

"ဟုတ်တယ်ကွ..ငါနန်းမော်ဆိုင်းကိုကြိုက်နေတာ
ကြာပြီ..ငါမဖွင့်ပြောရဲလို့ ဒီနေ့အိမ်ရှေ့သီချင်းသွားဆို
ပြီးလူပျိုလှည့်မလားလို့"

ယခုမှာကား စိုင်းဧကရာဇ်တို့ကသူငယ်ချင်းသုံး
ယောက်သားလက်ဖက်ရည်ဆိုင်ကိုရောက်နေတာဖြစ်သည်။

"ခဏလေး..မင်းပြောတဲ့ ဒေါ်ကြီးခင်ဆိုတာ..ဒေါ်ခင်
ပပလှိုင်ကိုပြောတာလား.."

"ဟုတ်တယ်လေ.."

သူအကြံရသွားလေပြီ။အဓိပ္ပါယ်ပါပါ​​ဖြင့်စိုင်းအံံ့ထူးတို့
ကိုပြုံးပြလိုက်ပြီး ဘိုကေကိုတချက်သပ်တင်ကာ
မျက်စိတဖက်မှိတ်ပြလိုက်သည်။

"ညကျရင် ငါ့ကိုလာခေါ်ကွာ.."

ဒီလိုနဲ့သူငယ်ချင်းသုံးယောက်သားလမ်းခွဲခဲ့ပြီးအိမ်
ကိုယ်စီပြန်ခဲ့ကြသည်။အိမ်ပေါ်ရောက်တော့ဘုရား
ရှိခိုးနေတဲ့အမိုးကိုတွေ့လိုက်ရသည်။အပါးကတော့
နွားတင်းကုပ်ထဲမှာနွားတွေကိုအစာကျွေးနေပြီး
နွားတွေခြင်မကိုက်အောင်ခြင်ဆေးထိုးနေသည်။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now