အပိုင်း-၁

1.2K 99 3
                                    

~ပန်ပါလို့ဇွတ်မပေးချင် မပန်ရင်လည်းပဲကိုယ်ခွင့်
လွှတ်မယ် ရင်မှာကြင်နာတာတွေ သိပြီးသားပါကွယ်။

တောင်ပေါ်မြေမှာတော်ဝင်ပိတောက်ပန်းမရှိပင်မဲ့ ဖြူစင်စေတနာအရိုးခံစိတ်ရင်းရှိကြတယ်။

ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ်
အချစ်ရဲ့.. နော် လိမ္မာပါတယ်ဗမာလေးစိတ်မငြို
နဲ့ ရွှေညာမြေကပိတောက်ရွှေဝါကိုသတိရတဲ့အခါ

ချယ်ရီကိုသာပန်ကာ ကျေနပ်ကွယ်~

ရေဒီယိုကနေလာနေသည့်တေးသံရှင်စိုင်းထီးဆိုင်ရဲ့
'ချယ်ရီကိုသာ ပန်ပါကွယ်'သီချင်းကိုနားထောင်ကာ
ပေါက်ပြဲနေသည့်ချည်ထည်လေးများကိုဖာထေးနေ
သည်။

ငယ်စဥ်ကတည်းကအမေဖြစ်သူ၏သွန်သင်ဆုံးမမှု
ကြောင့် ယောက်ျားအမှု၊မိန်းမအမှုအလုပ်ဟူသမျှ
အကုန်ပြုလုပ်တတ်သည်။

ချည်ထည်တွေကိုဖာထေးနေသောယောက်ျားပျိူ၏
ဘေးတစောင်းအနေအထားသည် ချောသည်။လှသည်။ပြေပြစ်သည်။
နဖူးပေါ်ဝဲကျနေသည့်ဆံနွယ်ပျော့ပျော့တွေနှင့်မျက်
တောင်ခပ်စိပ်စိပ်တွေ၊နှာတံချွန်ချွန်နှင့်မြန်မာအက္ခရာ
ကကြီးပုံဏ္ဍာန်နှုတ်ခမ်းပါးတို့မှာထိုသူ၏အလှအပကို
ပို၍မြှင့်တင်ပေးသည်။ပါးတဖက်ရှိ စံပယ်တင်မှည့်
ကလေးမှာအလင်းရောင်ထဲထင်းနေ၏။

အသားရည်သည်ဖြူသည့်အထဲမပါပင်မဲ့ညိုညက်
၍ရှင်းသန့်ကြည်လင်သောအသားရည်မျိူးဖြစ်သည်။

ထိုယောက််ျားပျိူ၏အမည်နာမသည်
'တိမ်လွှာခွန်းထယ်'။

***

အိမ်ရှေ့စင်ဝင်အောက်ကနေ ဂျစ်ကားသံကြား၏။
မေမေတို့စျေးကပြန်လာပြီထင်တယ်။ချည်ထည်တွေ
ကိုအသာအယာချရင်းအိမ်အောက်သို့ဆင်းလာသည်။

အထုပ်အပိုးတွေကိုမေမေတို့ဆီကနေကူဆွဲ၍နောက်
ဖေးမီးဖိုချောင်ထဲသို့ယူသွားသည်။
ထို့နောက်မေမေ့အတွက်ရော၊ဖေဖေ့အတွက်ပါရေ
တခွက်ဆီယူဆောင်လာသည်။

ချယ်ရီမြေပေါ်က မောင့်ချစ်သက်သေ | KVWhere stories live. Discover now