လူတိုင်းရဲ့ဘ၀မှာတစ်ဖက်သတ်အချစ်ဆိုတာမျိုးတစ်ကြိမ်တစ်ခါတော့ရှိခဲ့ဖူးမှာပေါ့
တစ်ဖက်လူကတော့ဘာမှမသိပေမဲ့ကိုယ်ကပဲအတွေးတွေနဲ့ပိတ်မိနေတဲ့ခံစားချက်မျိုး။
သူနဲ့နီးစပ်ချင်တယ်။သူ့အကြောင်းတွေကိုပဲအမြဲတမ်းဂရုစိုက်နေမိတယ်။အဲဒီလူကိုလည်းကိုယ့်အကြောင်းတွေသိစေချင်တယ်။ကိုယ့်ကိုပြန်ဂရုစိုက်စေချင်တယ်။အဲ့ဒီလိုအတွေးတွေ၊ခံစားချက်တွေနဲ့ကိုယ့်ကိုကိုယ်ပိတ်လှောင်ထားခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးမှာပေါ့ ။ကျွန်မမှာလည်းရှိခဲ့ဖူးတယ်။တခြားသူတွေတော့မသိပေမဲ့ကျွန်မအတွက်ကတော့ "သူ့"ကိုချစ်ခဲ့မိတဲ့အဲ့ဒီအချိန်တွေ၊ပြောမပြဖြစ်ခဲ့တဲ့အဲ့ဒီခံစားချက်တွေက်ုမျိုသိပ်ခဲ့ရတဲ့အချိန်တွေဟာလှပခဲ့သလို၀မ်းနည်းရတဲ့အချိန်တွေဖြစ်ခဲ့တယ်။တစ်ဖက်သတ်အချစ်ဆိုတာကျွန်မအတွက်တော့ မမေ့နိုင်အောင်နာကျင်ခဲ့ရတဲ့၊လှပတဲ့အရာတစ်ခုပဲဖြစ်တယ်။
word 182
clover
Thank for reading
YOU ARE READING
ချစ်ရသောသူဆီသို့တိတ်တဆိတ်ပို့စာ
Poetryကိုယ်တိုင်ရေးသားထားသောစာများဖြစ်ပါတယ် တိုက်ဆိုင်မှုရှိပါကပြောပြပေးလို့ရပါတယ် crdပြန်ပေးပါမယ် တစ်ပတ်တစ်ပိုင်းတင်ပေးပါမယ် နားမည်ဆိုပါကကြိုပြောပါမယ်