ချယ်ရီတွေကိုလွမ်းမိချိန်

3 1 0
                                    

မနက်ခင်းမှာမြူခိုးတွေ ​ေ၀နေတာကိုတွေ့တဲ့အချိန်တိုင်း   အတွေးထဲမှာပထမဆုံးနေရာလာယူတဲ့တစ်ခုတည်းသောအရာက  
ဘယ်အချိန်ပြန်တွေ့ရမလဲမသေချာတဲ့ငယ်ဘ၀ရဲ့တစ်ယောက်သော သူငယ်ချင်းနဲ့ ကြီးပြင်းခဲ့ရာအိမ်လေးရှေ့ကချယ်ရီပင်ကြီးပဲ။
မွန်မှာတောင်အေးနေပြီဆိုတော့ရှမ်းပြည်လိုနေရာမှာဆိုရေတောင်မထိချင်အောင်ဖြစ်နေမှာပေါ့ ။မင်းရော ကောင်လေးရေ ။ဘယ်လိုလဲ သူငယ်ချင်း  ၊ကျောင်းမသွားခင်  ရေချိုးရမှာကို  မချိုးချင်လို့ ရေချိုးခန်းထဲ၀င်ပြီး ကြမ်းပြင်ပေါ်ကိုရေတွေလောင်းချနေသေးလား။
ရေချိုးခန်းထဲကထွက်ခါနီးကျရင်  အမေရဲ့  နင့်ကိုယ်မှာရေလည်းမတင်ပါလား ကြာရွက် ဆိုတဲ့ အမေးကိုရှောင်ဖို့ ပုခုံးနဲ့မျက်နှာပေါ်ကို  ရေ စက်လေးတွေ ပက်သေးလား။
ကျောင်းမသွားခင်၀တ်စုံပေါ်ကိုရေမွှေပုလင်းမှောက်ကျထားသလို ရေမွှေးစွတ်သေးလား။
မလုပ်ပါနဲ့တော့ ကြီးနေပြီကို။ မဆိုးပါနဲ့တော့ စိုင်းရာ။သန့်ရှင်းရေးသေချာလုပ်  တို့အသန့်ကြိုက်တာမင်းသိတာပဲ။ တို့အတွက်တွေးပြီးလုပ်ပေးပါဟာ။

မင်းဆီဒီစာရောက်တဲ့အချိန်ကျရင် မင်းပြန်ပြောနေကျအတိုင်း  ဟုက်ကဲ့ပါ မားမား  မင်းဟာလေ  တမလွန်တံတားဖြတ်ပြီးရင် နတ်ဖြစ်မှာ   သန့်ရှင်းရေးနတ်လေ။   ဆိုပြီးပြောင်ချော်ချော်ပြန်ဖြေမှာပေါ့  ပြန်စာထဲတော့ထည့်မရေးနဲ့နော်  တို့သူများတွေကိုလိုက်ပြမှာ။
တစ်နေ့ကိုရေ၂ခါမချိုးရရင် သေသွားမလို့လားဆိုပြီး မင်းမေးတဲ့ဟာလေ ရှမ်းမှာဆိုရင်တော့ပိုတာဆိုပေမဲ့  အခုတော့ တစ်နေ့ကိုရေ၃ခေါက်လောက်ချိုးနေရပြီ။
မွန်မှာအရမ်းပူတာပဲဟယ်  တို့လိုအပူကြောက်တဲ့သူအတွက်တော့ တို့ကိုသတ်နေသလိုပါပဲ။
ပြီးတော့လေ ဒီမှာ တို့ကို နန်း ဆိုပြီးခေါ်မယ့်သူလည်းမရှိသလို စိုင်း  လို့  တို့ခေါ်ရမယ့်သူလည်းမရှိဘူးဟယ်။
ဒါပေမဲ့  တို့ ရှမ်း ကိုပြန်လာရင်တော့ မင်းရဲ့ခေါ်သံအကျယ်ကြီးကိုကြားရမှာပဲလေ။
ငါတိုရဲ့အမှတ်တရတွေကိုလွမ်းတာပဲဟာ   အကုန်လုံးကတန်ဖိုးဖြတ်လို့မရတဲ့အရာတွေပဲမဟုတ်လား။
လွမ်းတယ်  သူငယ်ချင်းရာ

part 2 is coming
Words 415
Thank for your reading

(ဒီစာက ရှမ်းကသူငယ်ချင်းဆီပို့တုန်းကရေးထားတဲ့စာပါ  ဖတ်ရတာအဆင်တော့ပြေမှာမဟုတ်လောက်ဘူး  စာဆက်ရေးဖို့စိတ်မပါလို့ပါ)

ချစ်ရသောသူဆီသို့တိတ်တဆိတ်ပို့စာWhere stories live. Discover now