ချယ်ရီတွေကိုလွမ်းမိချိန်(၂)

3 1 0
                                    

သကြန်ရောက်တော့မယ်ဆိုတော့  ဒီကသူတွေအကုန်နီးပါးက  ပိတောက်ကိုမျှော်နေကြတယ်လေ။
တို့လည်းမျှော်မိပေမဲ့  ချယ်ရီထက်တော့အကြင်နာမပိုမိဘူး။
အရင်တုန်းကချယ်ရီတွေဖူးနေပြီဆိုတာနဲ့ မင်းနဲ့တို့  မိုးလင်းတစ်ခါ  ကျောင်းကပြန်လာရင်တစ်ခါ   အဖူးတွေကျိုးမှာစိုးလို့ချယ်ရီပင်ဆီကိုသွားကြည့်ရတာအမော။ အိမ်ကလူတွေတောင်  ကြည့်မရတော့လို့ အော်ကြတယ်လေ။
ချယ်ရီတွေပွင့်လာရင် ဘယ်အပွင့်ကအရင်ပွင့်လဲဆိုတာ  တို့တွေအတိအကျပြောနိုင်လောက်အောင် ကို စောင့်ကြည့်ခဲ့တယ်မလား။
အခုတော့မင်းတစ်ယောက်တည်း  ချယ်ရီတွေပွင့်တာရော၊ပိတောက်ပွင့်တဲ့အချိန်မှာချယ်ရီတွေညှိုးတာကိုပါကြည့်နေရတော့မယ်။
ချယ်ရီတွေညှိုးရင်သိပ်၀မ်းမနည်းပါနဲ့ဟာ  မင်း၀မ်နည်းမှုတွေကို ဖြေသိမ့်ပေးမယ့်တို့မရှိတော့တခြားတစ်ယောက်ရှာမှာကိုလည်းစိုးရိမ်မိတယ်လေ။မင်းကတော့မလုပ်လောက်ဘူးဆိုပေမဲ့  တို့စိုးရိမ်မိသေးတယ်ဟာ။
ရေးရင်းနဲ့မျက်ရည်တွေကကျလာပြန်ပြီပဲ  တော်ပြီဟာ  ဆက်မရေးတော့ဘူး။မင်းကို၀မ်းမနည်းစေချင်တော့ဘူး။

တစ်နေ့ တို့မွေးရပ်မြေကိုပြန်ရောက်တဲ့အချိန်ကျရင် တို့လေ  ချယ်ရီပင်ဆီကိုအရင်လာခဲ့မယ်။တို့တွေစတွေ့တုန်းကလို မင်းက ချယ်ရီကိုင်းပေါ်မှာရှိနေမယ်  တို့ရဲ့လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တဲ့အချိန်ကျရင် မင်းကသစ်ကိုင်းပေါ်ကခုန်ချပြီးတို့ကိုဖက်ပေးပေါ့ဟာ။မင်းအမြဲဖြစ်ချင်ခဲ့သလို  တို့ကမင်းရဲ့ရင်ခွင်ထဲရောက်နေလောက်မယ် တို့ခေါင်းကိုဖွဖွလေးပွတ်သပ်ပေးပြီး  " ပြန်ရောက်လာတာကြိုဆိုပါတယ် "   လို့ မင်းရဲ့ရှမ်းသံ၀ဲ၀ဲလေးနဲ့ပြောပေးပေါ့ဟာ။
တို့ကတော့မင်းရင်ခွင်ထဲမှာငိုမိမယ်ထင်ပါ့ ။
လွမ်းတယ်  သူငယ်ချင်းရာ  ချယ်ရီပင်ကြီးကိုလည်းပြောပေးပါအုံး
တို့လွမ်းနေပါတယ်လို့ကွာ

ပြန်ဆုံမယ့်နေ့ကိုမျှော်လင့်နေလျက်
Clover

Words 376
Thank for your raeding

ချစ်ရသောသူဆီသို့တိတ်တဆိတ်ပို့စာWhere stories live. Discover now